A d v e r t i s e m e n t With Us

၁၆ နှစ်အရွယ် သတို့သားနှင့် ၇၁ နှစ်အရွယ် အဖွားအိုတို့၏ အံ့ဖွယ်မင်္ဂလာပွဲ (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံမှာ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် ကောင်လေးတဦးနဲ့ ၇၁ နှစ်အရွယ် ပင်စင်စား အဖွားအိုတဦးတို့ ချစ်ကြိုက်ခဲ့ကြတဲ့အတွက် ၂ ဘက် ဆွေမျိုးတွေက အသက်အရွယ်ကွာဟမှုအပေါ် အံ့သြ ထိတ်လန့်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ ၂ ဦးစလုံးကတော့ သူတို့ကို လက်ထပ်ခွင့်မပြုဘူးဆိုရင် သတ်သေကြမယ်လို့ ခြိမ်းခြောက်ခဲ့ကြတာမို့ သဘောတူပြီး ထိမ်းမြား လက်ထပ်ပေးခဲ့ရတာပါ။ ဆယ်ကျော်သက်သတို့သား ဆယ်လ်မက်တ်ရီရာရာဒီနဲ့ သတို့သမီး အဖွားအို ရိုဟာရာတို့ရဲ့ မင်္ဂလာပွဲ ရုပ်သံဗွီဒီယိုဖိုင်ဟာ လူပြောများစရာတခု ဖြစ်နေခဲ့ပြီး သူတို့အနေနဲ့ ကျန်ရှိနေတဲ့ ဘဝတလျှောက်လုံး အတူတူကုန်ဆုံးသွားကြမယ်လို့ ကတိပြုခဲ့ကြပါတယ်။ သူတို့ ၂ ဦးစလုံးဟာ ဆင်းရဲကြတဲ့အတွက် ဒီလက်ထပ်မှုဟာ ငွေကြေးဥစ္စာ လွှမ်းမိုးမှုကြောင့်တော့ မဟုတ်ခဲ့ပါဘူး။ ဆယ်လ်မက်တ်ရဲ့ မိသားစုတွေကတော့ သတို့သမီးကို ဒေါင်ဝီကြေး အင်ဒိုနီးရှားရူပီးငွေ ၂ သောင်း ပေးခဲ့ကြပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲကို ကျေးရွာအကြီးအကဲ ကပ်စ်ဝူရိုရဲ့ နေအိမ်မှာ ကျင်းပခဲ့ကြတာပါ။ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတော့ ခုလို အသက်အရွယ်ကွာခြားတဲ့ မင်္ဂလာပွဲဟာ တကယ့်အစစ်အမှန် ဟုတ်ရဲ့လားဆိုတာကို မေးခွန်းထုတ်မှုတွေ မြင့်တက်နေခဲ့ပါတယ်။ ကျေးရွာအကြီးအကဲက “သူတို့ ၂ ယောက်လုံးက တကယ်ချစ်ကြတာမို့ တယောက်သေရင် တယောက်လိုက်သေကြမှာမျိုးပဲ။ သူတို့ကိုလက်ထပ်ဖို့ တားရင် သတ်သေကြမယ်လို့ ဆုံးဖြတ်ထားကြတာမို့ ဒီမင်္ဂလာပွဲ ဖြစ်လာခဲ့တာ” လို့ ပြောပါတယ်။ ဒေသတွင်းထုံးစံအရ သတို့သမီးဖြစ်သူဟာ အိမ်ထောင် ၂ ကြိမ်ရှိခဲ့ဖူးတဲ့ မုဆိုးမတဦးဖြစ်တာမို့ ကျေးရွာအကြီးအကဲရဲ့ ခွင့်ပြုချက် လိုအပ်ခဲ့တာပါ။ ဒါပေမယ့် သတို့သားဖြစ်တဲ့ ဆယ်လ်မက်တ်ဘက်က ခွင့်ပြုချက် ဘယ်သူပေးခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ အင်ဒိုနီးရှားနိုင်ငံမှာ ဥပဒေအရ အမျိုးသားတွေ လက်ထပ်ထိမ်းမြားနိုင်တဲ့ အသက်အရွယ်ကို ၁၉ နှစ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up