A d v e r t i s e m e n t With Us

ရေကြီးရေလျှံနေချိန် စာမေးပွဲကျင်းပခဲ့သည့် အိန္ဒိယစာသင်ကျောင်း (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့ကြားက မိုးထဲလေထဲ စာမေးပွဲကျင်းပနေတဲ့ အစိုးရစာသင်ကျောင်းတကျောင်းရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ စာသင်ကျောင်းရဲ့ နေရာအနှံ့ ရေတွေကြီးနေခဲ့တာဖြစ်ပြီး ကျောင်းသားတွေဟာ ရေတွေထဲကနေဖြတ်ကာ ကျောင်းတွင်း ဝင်ရောက်နေကြရတာကို တွေ့ရပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် လူဦးရေ ၁ သိန်းနီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းစေခဲ့ရတာဖြစ်ပြီး ခုလိုအခြေအနေမှာ စာမေးပွဲကျင်းပခဲ့တဲ့အတွက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဝေဖန်နေကြတာပါ။ ကျောင်းသားတဦးက “ကျနော်တို့ကျောင်းမှာ ရေကြီးနေချိန်တောင် စာမေးပွဲဖြေဖို့ ဖိအားပေးခံခဲ့ရတယ်။ ကျောင်းက ၂ ပတ်လောက် ပိတ်ထားခဲ့ရတာဆိုတော့ အဲဒီအချိန် အိမ်မှာ စာလုပ်ခဲ့ရတာပါ” လို့ ပြောပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကျောင်းသူ မိန်းကလေးတွေဟာ ကျောင်းရဲ့အပြင်ဘက် ရေထဲမှာချထားခဲ့တဲ့ ခုံတွေမှာ ထိုင်ပြီး စာမေးပွဲဖြေနေခဲ့ကြတာကို တွေ့ရပါတယ်။ ခုလို မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ကျေးရွာစုစုပေါင်း ၄၉၈ ရွာ နစ်မြုပ်ခဲ့ပြီး ကောက်ပဲသီးနှံ ဟက်တာ ၈၀၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up