A d v e r t i s e m e n t With Us

ဆီဗီလာကွင်းလယ်လူ အီဘိုယာကို လက်စတာ ခေါ်ယူရန် သဘောတူညီမှုရ

လက်စတာအသင်းဟာ စပိန်ကလပ် ဆီဗီလာ ကွင်းလယ်ကစားသမား အီဘိုယာကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရသွားပါတယ်။ အသက် ၂၉ နှစ်ရှိ စပိန်ကစားသမား အီဘိုယာဟာ ဆီဗီလာအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား ၃ ကြိမ်ဆက် ရယူရာမှာ ခြေစွမ်းပြခဲ့သူပါ။ အီဘိုယာအနေနဲ့ လက်စတာအသင်းကို ပြောင်းရွှေ့တော့မှာဖြစ်ပြီး လက်စတာအသင်းနဲ့ ဆေးစစ်ကာ အပြီးသတ်စာချုပ် ချုပ်ဆိုတော့မယ်လို့ ဆီဗီလာအသင်းက တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ အီဘိုယာဟာ ၂၀၁၃ ခုနှစ်ကနေ ပြီးခဲ့တဲ့ရာသီအထိ ဆီဗီလာအသင်းမှာ ၄ နှစ်ကြာ ကစားခဲ့ပြီး ပွဲပေါင်း ၁၇၀ မှာ သွင်းဂိုး ၃၀ သွင်းပေးခဲ့ပါတယ်။ လက်စတာအသင်းဟာ ဟားလ်စီးတီးနောက်ခံလူ မက်ဂွီယာကိုလည်း ပေါင် ၁၇ သန်းနဲ့ ခေါ်ယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up