အလက်စကားပြည်နယ်ထိ ရောက်နိုင်သည့် ဒုံးကျည် မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်

ဓာတ်ပုံ - အေအက်ဖ်ပီ
689
မြောက်ကိုရီးယားက ဇူလိုင် ၄ ရက်နေ့မှာ အမေရိကန် အလက်စကားပြည်နယ်ထိ ရောက်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်ကို အောင်အောင်မြင်မြင် စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားမီဒီယာက ပြောကြားလိုက်ပါတယ်။
ဒီဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် ကြီးကြပ် အမိန့်ပေးခဲ့ပါတယ်။
အခုစမ်းသပ်တဲ့ တိုက်ချင်းပစ်ဒုံးကျည်ဟာ ၃၉ မိနစ်အတွင်း မိုင် ၅၈၀ (ကီလိုမီတာ ၉၃၃)၊ အမြင့် ၂၈၀၂ ကီလိုမီတာအထိ ရောက်ရှိခဲ့တယ်လို့ မြောက်ကိုရီးယားမီဒီယာက ဖော်ပြသွားပါတယ်။
မြောက်ကိုရီးယားဒုံးကျည်ဟာ ဂျပန်အထူးစီးပွားရေးဇုန်ထဲကို ကျရောက်ခဲ့တယ်လို့ ဇူလိုင် ၄ ရက်နေ့ အစောပိုင်းက တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့က ပြောကြားထားပါတယ်။
မြောက်ကိုရီးယားရဲ့ အခုစမ်းသပ်ပစ်လွှတ်တဲ့ တိုက်ချင်းပစ်ဒုံးကျည်ဟာ မြို့တော် ပြုံယမ်းရဲ့ အနောက်မြောက်ဘက် မိုင် ၆၀ အကွာမှာရှိတဲ့ ပန်ဟွန်းမြို့မှာရှိတဲ့ လေဆိပ်တခုအနီးကနေ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။