Home
သတင်းဓာတ်ပုံ
မန္တလေးမြို့တွင် KFC ကြက်ကြော်ဆိုင်  စတင်ဖွင့်လှစ်
DVB
·
July 4, 2017
မန္တလေးမြို့ရဲ့ ပထမဆုံး  KFC Myanmar ကြက်ကြော်ဆိုင်ကို ၇၈ လမ်း၊ ၃၄ လမ်းထောင့်မှာ ဒီကနေ့ စတင် ဖွင့်လှစ်ရောင်းချနေရာမှာ   တန်းစီပြီး ဝယ်ယူသူတွေ များပြားနေပါတယ်။ ကြက်ကြော်အတွက် ပြည်တွင်းက ကြက်သားတွေကို သန့်သန့်ရှင်းရှင်း သုံးစွဲထားပြီး ဥရောပအစားအစာကို  မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ အရသာ ပြုလုပ်ပေးထားတယ်လို့ KFC Myanmar Managing Director က ပြောပါတယ်။ KFC Myanmar ကြက်ကြော်ဆိုင်ခွဲတွေကို  ၂၀၁၅ ခုနှစ်ကစလို့  မြန်မာနိုင်ငံမှာ ၁၃ ဆိုင် ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီးအခု မန္တလေးဈေးကွက်မှာ ဆိုင်ခွဲသစ် စတင်ဖွင့်လှစ် ဈေးကွက်ချဲ့ထွင်လိုက်တာ ဖြစ်ပါတယ်။ ဓာတ်ပုံ-အောင်အောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024