A d v e r t i s e m e n t With Us

ပြိုင်ပွဲတွင် အနိုင်ရရန် အန်ဒီမာရေး ရေခဲစိမ် ရေချိုးဇလုံထဲတွင်နေပြီး ကြံ့ခိုင်မှုအတွက်ပြင်ဆင်

ဓာတ်ပုံ - Getty Images
ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေးအနေနဲ့ လက်ရှိယှဉ်ပြိုင်နေတဲ့ ဝင်ဘယ်လ်တန်ပြိုင်ပွဲမှာ အနိုင်ရဖို့အတွက် နေ့စဉ် ရေခဲအပြည့်စိမ်ထားတဲ့ ရေချိုးဇလုံထဲမှာ ၈ မိနစ်ကနေ ၁၀ မိနစ်ထိနေပြီး ကြံ့ခိုင်မှုရှိအောင် ပြင်ဆင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အန်ဒီမာရေးဟာ အခုလို လေ့ကျင့်ပြင်ဆင်မှုတွေကြောင့် သူ့အနေနဲ့ အောက်ပိုင်းကြံ့ခိုင်မှုတွေ တိုးတက်လာတဲ့အပြင် ညဘက်ဆိုရင်လည်း အိပ်ရေးဝဝလင်လင်နဲ့ အိပ်နိုင်တယ်လို့ ပြောပါတယ်။ အန်ဒီမာရေးဟာ ဝင်ဘယ်လ်တန်ပြိုင်ပွဲတိုင်းမှာ အောင်မြင်မှုတွေ ရရှိထားတဲ့ ကစားသမားဖြစ်ကာ အခုတကြိမ်ပြိုင်ပွဲမှာလည်း ၆၄ ယောက်အဆင့်ကို ရောက်ရှိနေပြီး ဂျာမနီနိုင်ငံသား ဘရောင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up