Sunday, May 28, 2023
Homeမြန်မာသတင်းမနၱေလးတုိင္း ပုသိမ်ကြီးမြို့နယ်က ရွာတရွာ မီးလောင်

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်က ရွာတရွာ မီးလောင်

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ကွေးကြီးကုန်းကျေးရွာမှာ ဒီနေ့မွန်းတည့်က တနာရီခွဲခန့်ကြာမီးလောင်လို့ လူ ၁ ဦးသေဆုံးပြီး အိမ်ခြေ ၃၀ ခန့် မီးထဲပါသွားတယ်လို့ ရွာသားတဦးက ပြောပါတယ်။

“စလောင်တဲ့အိမ်က လေဖြတ်နေတဲ့ အဘိုးကြီးအိမ်က စလောင်တယ်လို့ သိရတယ်။ အဲဒီအိမ်က သားအမိက သတင်းစာပို့အလုပ်လုပ်ကြတယ်။ အပြင်သွားတဲ့အခါ အိမ်တံခါးကို အပြင်ကနေ သော့ခတ်ပြီးတော့မှ သွားကြတာ။ အဲဒီအိမ်က စလောင်ပြီးတော့မှ တရွာလုံးပါသွားတာ။ အိမ် ၃၀ နီးပါး ပါသွားတယ်။”

သေဆုံးသူဟာအသက် ၅၀ ခန့်အရွယ် လေဖြတ်နေတဲ့ အမျိုးသားဖြစ်ပြီး ဇနီးနဲ့သမီးက သတင်းစာပို့နေကြတုန်း လောင်တာလို့ ဆိုပါတယ်။ မီးလောင်ပြီးတဲ့ အချိန်အထိ အဲဒီသားအမိ အလုပ်က ပြန်လာတာ မတွေ့သေးဘူးလို့ သူက ပြောပါတယ်။

မီးဘေးဒုက္ခသည်တွေကို ကွေးကြီးကုန်း ကျေးရွာအုပ်ချုပ်ရေးမှူးက အသံချဲ့စက်နဲ့ ဆင့်ခေါ်စာရင်းကောက်ယူပြီး ကူညီပေးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular