ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေးကို ဆမ်ဆောင်းသံတမန်အဖြစ် ခန့်အပ်
DVB
·
July 4, 2017
ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီဖွေးဖွေးကို ဆမ်ဆောင်း မိုဘိုင်းဖုန်း မြန်မာရဲ့ Brand Ambassador အမှတ်တံဆိပ် သံတမန်အဖြစ် ခန့်အပ်ကြောင်း ကုမ္ပဏီက ဒီကနေ့ ကြေညာပါတယ်။
ဆမ်ဆောင်း မိုဘိုင်းဖုန်း Brand Ambassador တွေအဖြစ် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ တေးသံရှင် Bobby Soxer တို့ကို ၂၀၁၄ ခုနှစ်က စတင် ခန့်အပ်ထားခဲ့တာ ဖြစ်ပါတယ်။
အခုနှစ်ဆန်းပိုင်းမှာ Brand Ambassador အသစ်တွေအဖြစ် မင်းသား အကယ်ဒမီနေတိုး၊ ရုပ်ရှင်သရုပ်ဆောင် အေးမြတ်သူ၊ မော်ဒယ် အေရီရယ်သုတနဲ့ တေးသံရှင် ပန်းရောင်ခြယ်တို့ ကို ခန့်အပ်ခဲ့ပြီး အခု အကယ်ဒမီဖွေးဖွေးကို ထပ်မံ ခန့်အပ်လိုက်တာဖြစ်ပါ တယ်။