Home
မြန်မာသတင်း
မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး ဆွေးနွေး
DVB
·
July 4, 2017
မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်နိုင်ဖို့အတွက် လွှတ်တော်မှာ တင်ပြသွားမယ်လို့ ဒုသမ္မတ ဦးမြင့်ဆွေက ပြောကြားလိုက်ပါတယ်။ မနေ့က နေပြည်တော်မှာကျင်းပတဲ့   မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးမှာ ကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ  နိုင်ငံပေါင်း ၇၀ ကျော်ခန့်ဟာ ကိုယ်ပိုင်ဂြိုဟ်တုတွေ အသုံးပြုပြီး ၎င်းတို့နိုင်ငံရဲ့ ကဏ္ဍစုံ နယ်ပယ်တွေ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နေကြောင်း မြန်မာပြည်မှာလည်း နိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေးအတွက် နိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီနဲ့ လုပ်ငန်းကော်မတီတို့က ကြိုးပမ်းဆောင်ရွက်နေပြီး မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်ဆိုင်ရာ နည်းပညာဆပ်ကော်မတီ၊ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် ဆိုင်ရာ ဥပဒေရေးရာနှင့် လုပ်ထုံးလုပ်နည်း ဆပ်ကော်မတီနဲ့  မြန်မာနိုင်ငံပိုင်ဂြိုဟ်တု ထရန်စပွန်ဒါ ငှားရမ်းရေး ဆပ်ကော်မတီတို့ကိုလည်း ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ ဦးမြင့်ဆွေက ပြောပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံရဲ့ Intel Sat ဂြိုဟ်တုကို Myanmar Sat-2 အမည်နဲ့ လွှတ်တင်ပြီး အချိုးကျ ငှားရမ်း ပိုင်ဆိုင်ခွင့်ရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်၊  Myanmar Sat-2 ဂြိုဟ်တု ငှားရမ်းနိုင်ဖို့  အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ လွှတ်တော်သို့ ဆက်လက်တင်ပြသွားမယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့  လက်ရှိအခြေအနေမှာ  ဂြိုဟ်တုလွှတ်တင်ထားတဲ့  နိုင်ငံတွေရဲ့  ဂြိုဟ်တုကို ငှားရမ်း  အသုံးပြုနေရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဒု-ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒု-ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒေါက်တာ ဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဦးကျော်ဝင်း စသူတွေ တက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ- MOI Webportal Myanmar
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024