Home
မြန်မာသတင်း
ကော့​သောင်း-ရ​နောင်းနယ်​စပ်​မှတဆင့် ပြည်​​တော်​ပြန်​ အလုပ်သမားများဆက်တိုက်ရောက်ရှိ
DVB
·
July 4, 2017
ထိုင်းနိုင်ငံမှာ အဖမ်းအဆီးတွေကြောင့်  နေရပ်ပြန် အလုပ်သမားတွေ ဆက်တိုက်ရောက်ရှိနေရာမှာ ဇူလိုင်လ ၃ ရက်နေ့ ညနေပိုင်းက ကော့သောင်းနယ်စပ်ဂိတ်ကို ပြည်တော်ပြန် မြန်မာအလုပ်သမား ၁၉၄ ဦး ထပ်မံရောက်ရှိလာပါတယ်။ ရောက်ရှိလာကြတဲ့ ပြည်တော်ပြန် မြန်မာနိုင်ငံသားတွေကို ရနောင်း-ကော့သောင်း နယ်စပ်က တာဝန်ရှိသူတွေက ရောက်ရှိလာသူတွေရဲ့ ကိုယ်ရေးအကျဉ်းတွေကို မေးမြန်းပြီး ညတွင်းချင်း နေရပ်နဲ့အနီးဆုံး မြို့တွေကို ပို့ဆောင်ပေးနေပါတယ်။ “ကျနော်တို့ မော်တော်ယာဉ်လိုင်းတွေက ပုံမှန်ယာဉ်စီးခထက် ထက်ဝက်လျှော့ချပြီး ပြေးဆွဲပေးမှာပါ။ ဒီနေ့မှာ နေရပ်ပြန်မယ့် အလုပ်သမား ၁၉၄ ဦးကို ကော့သောင်းမြို့ကနေ ရန်ကုန်မြို့ထိ ပို့ဆောင်ပေးသွားမှာပါ၊ ဈေးနှုန်းကိုတော့ တဦးကို ကော့သောင်းမြို့ကနေ ရန်ကုန်မြို့အရောက်၂၇၀၀၀ ကျပ်နဲ့ ထားဝယ်၊ မြိတ်အရောက် ၁၇၀၀၀ ကျပ်နှုန်းနဲ့ ကျနော်တို့က ပို့ဆောင်ပေးသွားမှာပါ”လို့ ယာဉ်လိုင်းတာဝန်ရှိသူက ပြောပါတယ်။ ခရီးစရိတ် အခက်အခဲရှိသူတွေကို ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနက စီစဉ်ပေးမှာဖြစ်တယ်လို့ ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ ဒီကနေ့ ရောက်ရှိလာသူတွေကို ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထမင်းထုပ်တွေဝေပေးပြီး ကော့သောင်း အန်အယ်လ်ဒီက အအေးနဲ့ ရေသန့်ဘူးတွေ ဝေပေးခဲ့ပါတယ်။ ကော့သောင်းမြို့ နယ်စပ်ဂိတ်ကို ရောက်ရှိလာပြီး နေရပ်ကို ပြန်ပို့ပေးလိုက်တဲ့ လူဦးရေ စုစုပေါင်း ၄၀၀ ကျော်ရှိသွားပြီလို့လည်း သိရပါတယ်။ သတင်း - လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024