A d v e r t i s e m e n t With Us

မိကျောင်းတကောင်နှင့် မင်္ဂလာဆောင်ခဲ့သည့် မြို့တော်ဝန် (ရုပ်သံ)

မက္ကဆီကိုတောင်ပိုင်းရှိ  ဆန်ပီဒရိုဟွာမဲလူလာ တံငါမြို့လေးရဲ့ မြို့တော်ဝန်ဟာ ဇွန်လ ၃၀ ရက်နေ့က ဒေသအစဉ်အလာ ကောက်သစ်ရိတ်ပွဲ အခမ်းအနားတခုမှာ မိကျောင်းတကောင်နဲ့ မင်္ဂလာဆောင်ခဲ့ပါတယ်။ အခမ်းအနားမစတင်မီ မင်္ဂလာဆောင်အဖွဲ့က သတို့သမီးလောင်း မိကျောင်းကို ပိုက်ပြီး အတီးအမှုတ်တွေနဲ့ မြို့အနှံ့ လျှောက်လည်ကြပါတယ်။ ဒီအခမ်းအနားဟာ ၁၇၈၉ ခုနှစ်ကတည်းက ခွန်တယ် အင်ဒီးယန်းတွေ ပြုလုပ်ခဲ့တဲ့ အစဉ်အလာတခု ဖြစ်ပါတယ်။ ပစိဖိတ်ကမ်းရိုးတန်းတလျှောက် ဒီတံငါရွာက ရွာသားတွေ ကောက်သစ်လှိုင်လှိုင်ရစေဖို့နဲ့ ငါး၊ ပုစွန်၊ တခြားပင်လယ်စာတွေ များများရစေဖို့ ပြုလုပ်တဲ့ အခမ်းအနားဖြစ်ပါတယ်။ စီတန်းလှည့်လည်ပြီးနောက်မှာတော့ မြို့တော်ခန်းမမှာ မြို့တော်ဝန် ဗစ်တာအဂ္ဂီလာနဲ့ သတို့သမီးလောင်း မိကျောင်းတို့ရဲ့ မင်္ဂလာအခမ်းအနားကို ကျင်းပကြပါတယ်။ ဒီအစဉ်အလာနဲ့ပတ်သက်ပြီး မြို့တော်ဝန်က “အစဉ်အလာတွေက သိပ်အားကောင်းတော့ တာဝန်ရှိသူတွေက အမှန်တရားကို သွားပြောလို့မရဘူး။ ကနေတဲ့သူတွေနဲ့ ကိုယ်စားလှယ်တွေ အားလုံးက မြို့တော်ဝန် ခင်ဗျား မင်္ဂလာဆောင်ကို ဆောင်ရမယ်လို့ကို ပြောတာ” လို့ ပြောခဲ့ပါတယ်။ ဒီအစဉ်အလာမှာ မိကျောင်းကို မင်းသမီးလို့ သဘောထားကြပါတယ်။ ခွန်တယ်အင်ဒီးယန်းတွေက ဒီအခမ်းအနားကို ပြုလုပ်ခြင်းအားဖြင့် သူတို့လူ့အဖွဲ့အစည်းကို ငြိမ်းချမ်းခြင်းနဲ့ ကြွယ်ဝခြင်းတွေ သယ်ဆောင်လာမယ်လို့ မျှော်လင့်ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up