A d v e r t i s e m e n t With Us

မန်ယူအသင်း အိမ်ကွင်းဝတ်စုံသစ် မိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်

မန်ယူအသင်းရဲ့ အိမ်ကွင်းဝတ်စုံသစ် မိတ်ဆက်ပွဲ အခမ်းအနားကို ဇူလိုင် ၃ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ အတ်ဒီးဒတ်စ် (Adidas) က ထုတ်လုပ်လိုက်တဲ့ မန်ယူအသင်းရဲ့ အိမ်ကွင်းဝတ်စုံသစ်ဒီဇိုင်းမှာ ကော်လံနဲ့ ကြယ်သီးတွေ ပါဝင်လာပြီး လက်အစည်းကိုလည်း အဖြူနဲ့အနက်တွဲစပ်ပြီး ဒီဇိုင်းပြုလုပ်ထားပါတယ်။ ဝတ်စုံသစ်မိတ်ဆက်ပွဲမှာ အသစ်ခေါ်ယူထားတဲ့ နောက်ခံလူ လင်ဒီလော့ဖ် အပါအဝင် ပေါ့ဂ်ဘာ၊ မာတာ၊ ဘလင်း၊ မစ်ခီတာယန်တို့ ပါဝင်ပြီး အသင်းမှာဆက်ရှိဖို့ မရေမရာဖြစ်နေတဲ့ အသင်းခေါင်းဆောင် ရွန်နီလည်း ဝတ်ဆင်ပြသခဲ့ပါတယ်။ မန်ယူအသင်းအတွက် ဒီနှစ်ရာသီဟာ အတ်ဒီးဒတ်စ်နဲ့ စာချုပ်ချုပ်ဆိုတာ ၃ နှစ်မြောက်ဖြစ်ပြီး တနှစ်ကို ပေါင် ၇၅ သန်းနဲ့ ၁၀ နှစ်စာအတွက် ပေါင်သန်း ၇၅၀ စပွန်ဆာစာချုပ် ချုပ်ဆိုထားတာပါ။ မန်ယူအသင်းဟာ ဒီဝတ်စုံသစ်ကို လာမယ့် ဇူလိုင် ၁၅ ရက်မှာ အမေရိကန်ကလပ် အယ်လ်အေဂလက်ဆီနဲ့ ကစားမယ့် ခြေစမ်းပွဲမှာ စတင်ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up