A d v e r t i s e m e n t With Us

နှစ် ၃၀ ခန့် ရှောင်ပုန်းနေသည့် မူးယစ်ရာဇာတဦးကို ဘရာဇီးရဲတပ်ဖွဲ့ ဖမ်းဆီး (ရုပ်သံ)

တောင်အမေရိက အလိုအရှိဆုံး မူးယစ်ရာဇာတဦးကို ဘရာဇီးရဲတပ်ဖွဲ့က ဇူလိုင် ၁ ရက်နေ့မှာ ဖမ်းဆီးရမိလိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ နှစ် ၃၀ လောက် ရှောင်ပုန်းနေတဲ့ “ခေါင်းဖြူ” လို့ လူသိများတဲ့ မူးယစ်ရာဇာ လူးဝစ်ကာရိုးဒါရိုချာကို ဘရာဇီးနိုင်ငံ အနောက်ပိုင်းပြည်နယ် မာတိုဂရက်ဆိုမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်သား ၁၅၀ လောက် ပါဝင်တဲ့ ရောင်စဉ်စစ်ဆင်ရေးလို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးမှာ မူးယစ်ရာဇာ ရိုချာကို လက်နက်၊ ရွှေငွေလက်ဝတ်ရတနာတွေနဲ့အတူ ဖမ်းယူသိမ်းသည်းရမိခဲ့တာပါ။ တောင်အမေရိက အကြီးဆုံး ကိုကင်းအင်ပါယာတခုရဲ့ ခေါင်းဆောင်လို့ ယူဆထားတဲ့ ရိုချာဟာ မျက်နှာခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ပြီး နှစ်ပေါင်း ၃၀ လောက် ရဲလက်ကလွတ်အောင် ရှောင်ပြေးနေနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ “အဓိကကတော့ သူက နာမည်ပြောင်းထားတာရယ်၊ သူ့ရုပ်ကလည်း ကျနော်တို့ သတင်းရထားတဲ့ရုပ်နဲ့ လုံးဝ ကွဲပြားနေတာရယ်၊ ဒီအချက်တွေကြောင့် ကျနော်တို့ရဲ့ စစ်ဆေးမှုကို အလွန်ခက်ခဲရှုပ်ထွေးစေခဲ့တာပါ” လို့ ဘရာဇီးရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် အယ်လ်ဗစ် အပရီစီဒိုဆက်ကိုက ပြောကြားပါတယ်။ ရိုချာဟာ ထောင်ဒဏ် နှစ် ၅၀ ထိ ချမှတ်ခံရနိုင်တဲ့ ပြစ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဘရာဇီးရဲတပ်ဖွဲ့က ပြောကြားသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up