A d v e r t i s e m e n t With Us

ပြင်သစ်တောင်ပိုင်း ဗလီတခုရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူ ၈ ဦး ဒဏ်ရာရ

ဓာတ်ပုံ - ရိုက်တာ
ပြင်သစ်နိုင်ငံတောင်ပိုင်း အဗီညွန်မြို့က ဗလီရှေ့မှာ ဇူလိုင် ၂ ရက်ညက သေနတ်နဲ့ ပစ်ခတ်မှုကြောင့် လူ ၈ ဦး ဒဏ်ရာရပါတယ်။ စစ်သွေးကြွတိုက်ခိုက်မှုမဟုတ်ဘဲ ပြဿနာတက်လို့ ရှင်းကြတာ ဖြစ်ဖို့များတယ်လို့ ရဲက စဉ်းစားတဲ့အကြောင်း စုံစမ်းစစ်ဆေးမှုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဒီကနေ့ ပြောပါတယ်။ ည ဆယ်နာရီခွဲလောက်မှာ လူလေးဦးစီးလာတဲ့ ကားတစီး ရောက်လာတယ်၊ နောက်ခန်းမှာထိုင်နေတဲ့ လူ ၂ ဦး ကားထဲကထွက်လာပြီး ပစ်မှတ်ထားတဲ့ လူအုပ်ကို စတင် ပစ်ခတ်ခဲ့တယ်လို့ နာမည်မဖော်တဲ့ မျက်မြင်သက်သေက ပြောပါတယ်။ ဒဏ်ရာရသူ ၈ ဦးထဲက ၂ ဦးကို ဆေးရုံတင်ပို့ခဲ့ရတယ်၊ ဗလီထဲကနေ ထွက်လာတဲ့ ဝတ်ပြုသူတွေကို ပစ်မှတ်ထားခဲ့တာ မဟုတ်ဘူးလို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။ ဒီဖြစ်ရပ်ကို အကြမ်းဖက်သမားတွေနဲ့ ပတ်သက်တယ်လို့ ရဲတွေက သဘောမထားဘဲ လူငယ်တွေကြား အငြင်းပွားရာကဖြစ်တယ်လို့ သံသယရှိနေတဲ့အကြောင်း တရားရေး သတင်းရင်းမြစ်ကို ကိုးကားပြီး လာပရိုဗန့်စ် သတင်းစာက အစီရင်ခံပါတယ်။ ဇွန်လ ၂၉ ရက်နေ့ကလည်း ပါရီမြို့တော် ဆင်ခြေဖုံးက ဗလီရှေ့မှာ လူအုပ်ကို အမျိုးသားတဦးက ကားနဲ့ဝင်တိုက်ဖို့ ကြိုးစားခဲ့ပြီး ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ ပြင်သစ်နိုင်ငံမှာ လတ်တလောနှစ်တွေအတွင်း စစ်သွေးကြွတိုက်ခိုက်မှုတွေအပြီး လုံခြုံရေး တပ်လှန့်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up