A d v e r t i s e m e n t With Us

မီးတောင်ပေါက်ကွဲမှု ကူညီရန်သွားသည့် ရဟတ်ယာဉ်ပျက်ကျ၊ လူ ၈ ဦး သေဆုံး

ဓာတ်ပုံ - အေအက်ဖ်ပီ
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းအလယ်ပိုင်း မီးတောင်ပေါက်ကွဲမှုကို ကူညီဖို့သွားတဲ့ ရဟတ်ယာဉ်တစီး ဒီကနေ့ ရုတ်တရက်ပျက်ကျခဲ့တာကြောင့် ရဟတ်ယာဉ်ပေါ်လိုက်ပါလာသူ ၈ ဦးလုံး သေဆုံးသွားပါတယ်။ အင်ဒိုနီးရှားနိုင်ငံလုပ် ဒေါက်ဖင် AS-365 ရဟတ်ယာဉ်ဟာ ဂျာဗားကျွန်းအလယ်ပိုင်း ကန်ဒီရိုတိုခရိုင်အတွင်းရှိ ဘတောက်တောင်တန်းတွေနဲ့ တိုက်မိပြီး ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ အဲဒီရဟတ်ယာဉ်ပေါ်မှာ ရေတပ်အရာရှိ ၄ ဦးနဲ့ အရေးပေါ်ကယ်ဆယ်ရေးအရာရှိ ၄ ဦး လိုက်ပါလာပါတယ်။ သူတို့ဟာ ဒီယန်ဘတောက်ဒေသရှိ စီလယ်ရီခရက်တာ မီးတောင်ပေါက်ကွဲရာမှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ဖို့ သွားရောက်တာဖြစ်ပါတယ်။ အခုအခါ ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူ ၈ ဦးလုံးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီလို့ အင်ဒိုနီးရှားအစိုးရ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီ ညွှန်ကြားရေးမှူးက ပြောပါတယ်။ ဂျာဗားကျွန်းအလယ်ပိုင်း ဒီယန်ဘတောက်ဒေသရှိ စီလယ်ရီကရက်တာ မီးတောင်ဟာ ဇူလိုင် ၂ ရက်က ရုတ်တရက်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။ ချော်ရည်နဲ့ ပြာမှုန်တွေဟာ မီးတောင်ထိပ်ဝကနေ မီတာ ၅၀ လောက်ထိ မြင့်တက်ခဲ့တာကြောင့် အနီးတဝိုက် နေထိုင်သူတွေကို အရေးပေါ်ပြောင်းရွှေ့ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ စီလယ်ရီခရက်တာမီးတောင်ဟာ ကမ္ဘာလှည့်ခရီးသည်တွေ အလာများရာ မီးတောင်တခုဖြစ်ပြီး ပေါက်ကွဲချိန်က အဲဒီအနီးတဝိုက်မှာ လည်ပတ်သူ ၁၇ ဦး ရှိနေခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up