A d v e r t i s e m e n t With Us

လာကာဇက်တီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် အာဆင်နယ် သဘောတူညီမှုရ

ဓာတ်ပုံ - ရိုက်တာ
အာဆင်နယ်အသင်းဟာ လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရသွားပါတယ်။ အသက် ၂၆ နှစ်ရှိ လာကာဇက်တီအတွက် အာဆင်နယ်အသင်းက ပေါင် ၄၄ သန်းခန့် ပေးချေရမှာဖြစ်ပြီး ခြေစွမ်းအပေါ်မူတည်ပြီး ပေါင် ၅၈ ဒသမ ၇ သန်းအထိ ပေးချေရနိုင်တယ်လို့ သိရပါတယ်။ ဒီပမာဏဟာ ကွင်းလယ်ကစားသမား အိုဇေးလ်ကို ခေါ်ယူခဲ့တဲ့အချိန်က ပေးချေခဲ့ရတဲ့ ပေါင် ၄၂ ဒသမ ၅ သန်းကို ကျော်လွန်ပြီး အာဆင်နယ်အသင်းသမိုင်းတလျှောက် ပြောင်းရွှေ့ကြေးအများဆုံးနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်မှာပါ။ အာဆင်နယ်အသင်းဟာ လာကာဇက်တီအတွက် ပေါင် ၃၉ ဒသမ ၅ သန်းနဲ့ ပထမတကြိမ် ကမ်းလှမ်းမှုကို ပယ်ချခံခဲ့ရပေမယ့် နောက်ဆုံးကမ်းလှမ်းမှုမှာ လိုင်ယွန်အသင်းနဲ့ သဘောတူညီမှု ရသွားတာပါ။ တိုက်စစ်မှူး လာကာဇက်တီဟာ လာမယ့် ၂ ရက်အတွင်းမှာ အာဆင်နယ်အသင်းဆီ ဆေးစစ်မှုခံယူကာ တရားဝင်စာချုပ် ချုပ်ဆိုတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ပြင်သစ်လက်ရွေးစင် လာကာဇက်တီဟာ ပြီးခဲ့တဲ့ရာသီက လိုင်ယွန်အသင်းအတွက် ၄၅ ပွဲမှာ ၃၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up