အံ့ဖွယ်ထူးခြား ကမ္ဘာ့အရပ်အရှည်ဆုံး မော်ဒယ်အမျိုးသမီး (ရုပ်သံ)

1.2K
ရုရှားနိုင်ငံသူ အက်ကာ ထရီနာဟာ အံ့ဖွယ် မြင့်မားတဲ့ အရပ်အမြင့်ရှိတဲ့ ကမ္ဘာ့အရပ်အမြင့်ဆုံး မော်ဒယ်အမျိုးသမီးတဦး ဖြစ်လာခဲ့ပါတယ်။
သူဟာ ရုရှားနိုင်ငံမှာလည်း အရပ်အရှည်ဆုံး အမျိုးသမီးဖြစ်ပြီး အရပ်အမြင့် ၆ ပေ ၉ လက်မ ရှိပါတယ်။
အက်ကာ ထရီနာဟာ ကျောင်းမှာတည်းက တဖြည်းဖြည်းမြင့်မားလာခဲ့တဲ့ အရပ်ကြောင့် တခြား သာမန်သူငယ်ချင်းတွေကြားမှာ အုပ်စုဖွဲ့ အနိုင်ကျင့် လှောင်ပြောင်ခံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။
သာမန်အရပ်အမြင့်ရှိတဲ့ အမျိုးသမီးတဦးနဲ့ ယှဉ်ရင်တော့ သူဟာ မျှော်စင်တခုလို ဖြစ်နေခဲ့ပြီး ဒီအရပ်ကြောင့်ပဲ သူနဲ့သင့်တော်တဲ့ အဝတ်အစားတွေကိုလည်း ရှာဖွေလို့ မရနိုင်ခဲ့ပါဘူး။
ဘာကြောင့် ခုလိုခြားနားရတယ်ဆိုတာကို သူရှာမတွေ့နိုင်ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ အရပ်မြင့်မားခြင်းရဲ့ အကျိုးဆက်ကို သူတွေ့ရှိသွားခဲ့ပါတယ်။ အဲဒါကတော့ ဘတ်စ်ကက်ဘော ကစားတာပါပဲ။
အိုလံပစ်အားကစားပြိုင်ပွဲမှာ ကြေးတံဆိပ်တခု ရရှိတဲ့အထိ ဒီအရပ်အမြင့်က သူ့ကို ထောက်ကူပေးနိုင်ခဲ့ပါတယ်။
ခုတော့ သူမဟာ မော်ဒယ်တဦးအဖြစ် အိပ်မက်ကို ဆက်လက် အကောင်အထည် ဖော်နိုင်ခဲ့ပါပြီ။
“ကျမရဲ့ ရှည်လျားလှတဲ့ ခြေတံတွေက မော်ဒယ်တဦးအဖြစ် ရပ်တည်နိုင်ဖို့ ထောက်ပံ့ပေးနိုင်တာ အသေအချာပါပဲ။ မော်ဒယ်တိုင်း ကျမလို ခြေတံရှည်ရှည်တွေ မပိုင်ဆိုင်နိုင်ဘူးလေ။”
လက်ရှိမှာတော့ အရပ်ရှည်လွန်းလို့ ကျောင်းမှာ အနိုင်ကျင့် စနောက်ခံခဲ့ရတဲ့ ကောင်မလေးဟာ အောင်မြင်တဲ့ မော်ဒယ်တဦးအဖြစ် သူ့ကိုယ်သူ ယုံကြည်နေခဲ့ပါပြီ။
“ခုတော့ အရပ်ရှည်တယ်ဆိုတာ တကယ့်ကို ဆွဲဆောင်မှုရှိတာမျိုးပါပဲ။ ကျမရဲ့ ခန္ဓာကိုယ်အပေါ် သက်တောင့်သက်သာနဲ့ နေနိုင်ပါပြီ” လို့ အက်ကာ ထရီနာက ဆိုပါတယ်။