A d v e r t i s e m e n t With Us

ရှေးဟောင်းမျှော်စင်တခုတွင်း ထိတ်လန့်ဖွယ် လူသားဦးခေါင်းခွံ ရာချီ တွေ့ရှိ (ရုပ်သံ)

မက္ကဆီကိုနိုင်ငံမှ ရှေးဟောင်းမျှော်စင်တခုထဲမှာ သုတေသနပညာရှင်တွေဟာ ကလေးတွေနဲ့ အမျိုးသမီးတွေရဲ့ ဦးခေါင်းခွံတွေ အပါအဝင် ရာနဲ့ချီတဲ့ လူသားဦးခေါင်းခွံတွေကို တွေ့ရှိခဲ့ကြပါတယ်။ ခုတွေ့ရှိခဲ့တဲ့ နေရာဟာ ရှေးခေတ် အက်ဇ်တက်လူမျိုးစုတွေရဲ့ အခြေစိုက်မြို့ တော်ဖြစ်ခဲ့ပြီး ခုချိန်မှာတော့ မက္ကဆီကိုမြို့တော်ဖြစ်လာခဲ့တဲ့ တီနိုချီတ်လန်မြို့ဟောင်း နေရာဖြစ်ပြီး ဦးခေါင်းခွံပေါင်း ၆၇၆ ခု တွေ့ရှိခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဇူလိုင် ၂ ရက်နေ့က ဖော်ပြပါတယ်။ ဦးခေါင်းခွံတွေကို ထုံးကျောက်ဖြစ်ရုပ်ကြွင်းတွေအဖြစ် တွေ့ရှိခဲ့ရပြီး ဒီဦးခေါင်းခွံတွေထဲမှာ ကလေးတွေနဲ့ အမျိုးသမီးတွေရဲ့ ဦးခေါင်းခွံ အများအပြား ပါဝင်နေတဲ့အတွက် စိတ်ဝင်စားမှု မြင့်တက်လာပြီး မေးခွန်းထုတ်စရာတွေ ဖြစ်လာနေတယ်လို့ သုတေသနပညာရှင်တွေက ပြောပါတယ်။ သူတို့အနေနဲ့ ဒီနေရာမှာ ၂၀၁၅ ခုနှစ်ကစပြီး တူးဖော် သုတေသနပြုလုပ်မှုတွေ စတင်ခဲ့တာဖြစ်ပြီး သုတေသနပြုမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ခုတွေ့ရှိခဲ့တဲ့နေရာဟာ အကြမ်းဖျဉ်းအားဖြင့် အချင်း ၆ မီတာလောက်ရှိတဲ့ နေရာဖြစ်ပြီး အောက်ခြေထိတော့ မတူးဖော်ရသေးပါဘူး။ ရှေးခေတ် အက်ဇ်တက်လူမျိုးစုတွေနဲ့ မက်ဆိုမဲရိကန်လူမျိုးစုတွေရဲ့ ရိုးရာယုံကြည်မှုတွေအရ နေနတ်ဘုရားကို ယုံကြည်ကိုးကွယ်ပြီး လူတွေကို ယဇ်ပူဇော်လေ့ရှိတဲ့ အယူတွေ ရှိကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up