A d v e r t i s e m e n t With Us

အာကာသထဲ အပျက်အစီးများကို ရှင်းလင်းပေးမည့် စက်ရုပ် (ရုပ်သံ)

အာကာသထဲမှာရှိတဲ့ ဂြိုဟ်တုအဟောင်းတွေ အပျက်အဆီးအပိုင်းအစတွေကို ရှင်းလင်းဖို့အတွက် တောက်တဲ့တွေရဲ့ ခြေကို နမူနာယူပြီး လုပ်ထားတဲ့ စက်ရုပ်ကို သိပ္ပံပညာရှင်တွေက တီထွင်စမ်းသပ်နေကြပါတယ်။ Stanford တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ တောက်တဲ့တွေလို တွယ်ကပ်နိုင်တဲ့ စက်ရုပ်လက်ကို အသုံးပြုပြီး ကမ္ဘာပါတ်လမ်းထဲက အမှိုက်တွေကို ရှင်းလင်းဖို့ ဆောင်ရွက်နေကြပါတယ်။ ကမ္ဘာပါတ်လမ်းထဲမှာ စုစုပေါင်းဂြိုဟ်တု အပျက်အစီး အစိတ်အပိုင်းတွေဟာ သိန်းနဲ့ သန်းနဲ့ ချီတယ်လို့  အမေရိကန် အာကာသ အေဂျင်စီက ပြောပါတယ်။ ရှာဖွေမှတ်တမ်းယူဖို့ မလွယ်တဲ့ အစိတ်အပိုင်း သေးသေးလေးတွေလဲ သန်းပေါင်းများစွာ ရှိနေတယ်လို့ သိရပါတယ်။ တစ်နာရီကို ကီလိုမီတာထောင်ပေါင်းများစွာ နှုန်းနဲ့ လည်ပါတ်နေကြတဲ့ အဲဒိအစိတ်အပိုင်းသေးသေးလေး တစ်ခုနဲ့ တိုက်မိရင်တောင် ထိခိုက်ပျက်စီးမှုက ပြင်းထန်ပါတယ်။ ဂြိုဟ်တုတွေရဲ့ မှန်အကာတွေ ကွဲကြေသွားတာမျိုး ဆိုလာပြားတွေ ပျက်ဆီးသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲဒီအမှိုက်တွေဟာ တဖြည်းဖြည်းနဲ့ လေထုထဲကို ကျရောက်ပြီး လောင်ကျွမ်းပျက်ဆီးတဲ့ အချိန် မတိုင်ခင်မှာ သူတို့ကို လိုက်လံရှင်လင်းဖို့ဆိုတာဟာ ဆွဲအားမဲ့တဲ့အာကာသထဲမှာ တကယ့် စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။ အာကာသထဲမှာ သူတို့ကို စုပ်ယူလို့လဲ မရပါဘူး။ ကပ်ထားဖို့ဆိုတာလဲ ပြင်းထန်တဲ့ အပူလှိုင်းတွေရဲ့ ဒဏ်ကို ကော်က မခံနိုင်ပါဘူး။ တောက်တဲ့တွေရဲ့ ခြေဖဝါးတွေမှာ ရာဘာပြားလို အပြာသေးသေးလေးတွေ ရှိပြီး အဲဒီအပြားလေးတွေက သူတို့ပေါ်မှာ လားရာတစ်ဘက်ကိုမူပြီး ပေးတဲ့ဖိအားရလာရင် ကပ်သွားပါတယ်။ အဲဒါကြောင့် ဘယ်လိုနံရံမျိုးကို မဆို တောက်တဲ့တွေက တွယ်ကပ်နိုင်တာ ဖြစ်ပါတယ်။ အခုလည်း ကမ္ဘာပတ်လမ်းထဲက အမှိုက်တွေကို လိုက်ရှင်းမယ့် စက်ရုပ်ရဲ့ လက်မှာ တောက်တဲ့တွေမှာလို လားရာတစ်ဘက်ကို မူတည်ပြီး တွန်းအားပေးလိုက်ရင် ဆွဲကပ်ထားနိုင်မယ့် ရာဘာပြားလေးတွေတပ်ဆင်ထားလိုက်မှာ ဖြစ်ပါတယ်။ အခုနည်းပညာကို တီထွင်သူတွေက နာဆာရဲ့ သူတေသနစခန်း နဲ့ ကမ္ဘာပါတ်လမ်းထဲက နိုင်ငံတကာ အာကာသစခန်းတွေ အပါအဝင် ဆွဲအားလုံးဝမရှိတဲ့ စမ်းသပ်ခန်းတွေမှာ စမ်းသပ်ပြီး ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဲဒီစက်ရုပ်နဲ့ နိုင်ငံတကာအာကစခန်းအပြင်ထွက်ပြီး အပျက်အဆီး ပြင်ဆင်တာတွေကိုလည်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up