အာဆင်နယ်အသင်း လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီကို ခေါ်ယူရန် နီးစပ်နေ

901
အာဆင်နယ်အသင်းက လိုင်ယွန် တိုက်စစ်မှူး လာကာဇက်တီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းချက်ကို ပြင်သစ်ကလပ် လိုင်ယွန်က အစောပိုင်းမှာ ပယ်ချခဲ့ပေမယ့် ညှိနှိုင်းပြောဆိုမှုတွေက တိုးတက်လာတယ်လို့ ဗြိတိန် မီဒီယာတွေမှာ ဖော်ပြနေပါတယ်။
အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးရဲ့ ပြောင်းရွေ့ကြေးကို ပေါင် ၄၂ သန်းလောက် ပေးရလိမ့်မယ်လို့ ခန်းမှန်းထားပါတယ်။
ပြင်သစ် တိုက်စစ်မှူး လာကာဇက်တီဟာ ခြေစွမ်းပြ ကစားနိုင်တဲ့အတွက် ဥရောပထိပ်တန်းအသင်း တော်တော်များများရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။
လာကာဇက်တီဟာ လိုင်ယွန်အသင်းအတွက် ၂၀၀၉၊ ၂၀၁၀ ရာသီမှာ စတင် ကစားခွင့်ရပြီး ပွဲပေါင်း ၂၇၅ ပွဲမှာ ၁၂၉ ဂိုး သွင်းယူထားပါတယ်။ သူဟာ ပြင်သစ် လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၁ ပွဲ ကစားပေးထားပါတယ်။