A d v e r t i s e m e n t With Us

အကြမ်းဖက်မှုနှင့်ပတ်သက်၍ ၂၁ နှစ်အရွယ် အမျိုးသမီးတဦး ဟီးသရိုးလေဆိပ်တွင် ဖမ်းဆီးခံရ

ဆီးရီးယားနိုင်ငံ အကြမ်းဖက်မှုလုပ်ရပ်တွေနဲ့ သံသယရှိတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေးတဦးကို ဟီးသရိုးလေဆိပ်မှာ  ဖမ်းမိတယ်လို့ ရဲတွေက ပြောကြောင်း ဘီဘီစီသတင်းမှာ ဇွန် ၂၉ ရက်နေ့က ရေးထားပါတယ်။ လန်ဒန်မြောက်ပိုင်းက သံသယရှိသူ မိန်းကလေး တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က အပြန် ဗြိတိသျှ စံတော်ချိန် ၉ နာရီ ၂ မိနစ်လောက်မှာ ရဲတွေက ရပ်တန့်တားမြစ်ခဲ့တာဖြစ်ပြီး အကြမ်းဖက်မှု လုပ်ရပ်တွေ ကြိုတင်ပြင်ဆင်လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး သံသယရှိလို့ သူမကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ the Met သတင်းဌာနက ပြောခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ မိန်းကလေးနဲ့ ဆက်စပ်မှုရှိနေတဲ့ လိပ်စာ ၂ ခုကိုလည်း အရာရှိတွေက ရှာဖွေခဲ့ကြောင်း စကော့တလန်ယာ့ဒ်ရဲဌာနချုပ်က ပြောလိုက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up