A d v e r t i s e m e n t With Us

ဘစ်ဒက်ရှ်ကို အနိုင်ယူပြီး မြန်မာ့စပါးကြီးမြွေ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူး

မြန်မာ့စပါးကြီးမြွေလို့ လူသိများတဲ့ အောင်လအန်ဆန်းဟာ  မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာ ရုရှားက ဗစ်တာလီ ဘစ်ဒက်ရှ်ကို ၅ ချီအပြီးမှာ ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ မနေ့ညက ယှဉ်ပြိုင်သွားပြီး အောင်လအန်ဆန်းက ရုရှားနိုင်ငံသားကို အနိုင်ယူပြီး ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ပထမအကြိမ်ထိုးတုန်းက ရှုံးနိမ့်ထားခဲ့တဲ့ အောင်လဟာ ဒီတစ်ကြိမ်မှာတော့ နည်းစနစ်ပြောင်းလဲပြီး ထိုးသတ်ခဲ့ပါတယ်။ သူကျွမ်းကျင်တဲ့ အချုပ်အစား အထိုးနည်းစနစ်နဲ့ ပြိုင်ဘက်ကို ယှဉ်ပြိုင်လာခဲ့တာပါ။ ဒီပွဲမှာတော့ ဘစ်ဒက်ရှ်ဟာ ချုပ်ဖို့ကိုသာ ဦးစားပေးခဲ့တဲ့အတွက် အောင်လရဲ့ ထိုးချက်တွေအောက်မှာ ရှုံးနိမ့်ခဲ့တာပါ။ ကချင်နွယ်ဖွား အောင်လကတော့ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တာဟာ သူ့ကြိုးစားမှုတွေအပြင် သူ့ရဲ့ အသင်းဖော်တွေနဲ့ မြန်မာနိုင်ငံသားတွေကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up