A d v e r t i s e m e n t With Us

ခြေ ၃ ချောင်းဖြင့် မွေးဖွားခဲ့သည့် အံ့ဖွယ်မိန်းကလေး ခွဲစိတ်မှုအောင်မြင် (ရုပ်သံ)

ပါကစ္စတန်နိုင်ငံမှ ခြေ ၃ ချောင်းနဲ့ ထူးထူးခြားခြား မွေးဖွားခဲ့တဲ့ ကလေးငယ်တဦးကို ဆေးပညာရှင်တွေက အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။ ဘာဘူလ်အမည်ရတဲ့ အဲဒီကလေးငယ်ဟာ အသက် ၁ နှစ်အရွယ်ရှိ မိန်းကလေးတဦးပါ။ သူ့ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇူလိုင် ၇ ရက်နေ့က ဆင်းဒ်ခရိုင်ထဲမှာ အသက် ၃၀ အရွယ် မိခင် ရီဟန်နာနဲ့ အသက် ၂၅ နှစ်အရွယ် ဖခင် မိုဟာမက်ဒ် နဝပ်ဇ်တို့က မွေးဖွားခဲ့တာပါ။ အပိုပါလာခဲ့တဲ့ သူ့ရဲ့ ခြေတဘက်ကို ခုချိန်မှာတော့ အောင်မြင်စွာ ခွဲထုတ်ဖယ်ရှားပစ်နိုင်ခဲ့လို့ မိဘတွေ ဝမ်းသာနေကြပါတယ်။ ဒါဟာ သူ့ရဲ့မွေးနေ့မတိုင်ခင်မှာ အောင်အောင်မြင်မြင် ခွဲစိတ်နိုင်ခဲ့လို့ သမီးငယ်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်လိုက်တာဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up