လူအုပ်ကို ကားဖြင့်ဝင်တိုက်ရန် ကြိုးစားသူအား ပြင်သစ်ရဲ ဖမ်းဆီး

ဓာတ်ပုံ - Clement Martin/Twitter
603
ပြင်သစ်နိုင်ငံတောင်ပိုင်း ခရီတီမြို့ (Creteil) ရှိ ဘာသာရေး အဆောက်အအုံတခုရှေ့မှာ ဇွန်လ ၂၉ ရက်နေ့က လူအုပ်ကို ကားနဲ့ဝင်တိုက်ဖို့ ကြိုးစားတဲ့ လူတယောက်ကို ရဲက ဖမ်းဆီးလိုက်ပါတယ်။
အဲဒီလို ကားနဲ့တိုက်မှုကြောင့် ဒဏ်ရာရသူ မရှိဘူးလို့ ရဲက ပြောကြားခဲ့ပါတယ်။
ကားနဲ့တိုက်ဖို့ ကြိုးစားသူရဲ့ ရည်ရွယ်ချက်က မသဲကွဲဘူး။ နောက်ပြီး အဆောက်အအုံရှေ့မှာ အတားအဆီးတွေ ကာထားတာကြောင့် သူ့အကြံ မအောင်မြင်ခဲ့ဘူးလို့ ရဲကဆိုပါတယ်။
အဲဒီလို တိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က စုံစမ်းမှာမဟုတ်ဘဲ သာမန်ရဲဌာနက ဆောင်ရွက်ပြီး အရေးယူမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က လန်ဒန်မှာ အခုလို တိုက်ခိုက်မှုဖြစ်ခဲ့ပြီး ကားမောင်းသူကို အကြမ်းဖက်မှုနဲ့ ဆက်နွယ်တဲ့ လူသတ်မှု၊ လူသတ်ရန် ကြိုးပမ်းမှုတို့နဲ့ စွဲချက်တင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။