ဖမ်းဆီးထားသည့် သတင်းသမားများ ချက်ချင်းလွှတ်ပေးရန် တောင်းဆို (ရုပ်သံ)
DVB
·
June 30, 2017
သတင်းမီဒီယာဖိနှိပ်မှုရပ်၊ တပ်မတော်က ဖမ်းဆီးထားတဲ့ သတင်းသမားတွေကို ချက်ခြင်းလွှတ်ပေးဖို့ တောင်းဆိုတဲ့ပွဲကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီနေ့ မွန်းလွဲ ၂ နာရီကနေ ညနေ ၅ နာရီအထိ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
ဒီလှုပ်ရှားမှုကို ရန်ကုန်သတင်းမီဒီယာသမားတွေက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကျောင်းသား၊ ကျောင်းသူတွေနဲ့ နိုင်ငံရေးသမားတွေက တက်ရောက်ဝန်းရံခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ကိုဖျက်သိမ်းဖို့ ထောက်ခံလက်မှတ်ကောက်ခံပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။