The Voice အယ်ဒီတာချုပ်ကို ၅ ကြိမ်မြောက် ရုံးထုတ် (ဓာတ်ပုံ)
DVB
·
June 30, 2017
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ The Voice အယ်ဒီတာချုပ် ကိုကျော်မင်းဆွေရဲ့အမှုကို ဒီကနေ့ ရန်ကုန် ဗဟန်းတရားရုံးမှာ ၅ ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။
ဒီနေ့ ရုံးထုတ်ရာမှာ သတင်းမီဒီယာသမားတွေ သတင်းယူခွင့်မရခဲ့ပါဘူး။ ဒါနဲ့ပတ်သက်လို့ တရားသူကြီး ဒေါ်သရဖီအောင်က တရားရုံးလုံခြုံရေးအခြေအနေကြောင့် ဗဟန်းတရားရုံးပရိဝုဏ်ထဲမှာ သတင်းယူခွင့်ကို တားမြစ်ရတာ ဖြစ်တယ်လို့ တရားခွင်ထဲမှာ ပြောဆိုလိုက်ပါတယ်။
ရုံးချိန်မှာ တရားလို ဒုဗိုလ်မှူးကြီးလင်းထွန်း မလာရောက်တဲ့အတွက်ကြောင့် ဇူလိုင် ၇ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ပါတယ်။