A d v e r t i s e m e n t With Us

အင်တာနက်စာမျက်နှာပေါ် ပျံ့နှံ့နေသည့် တိုင်းမဂ္ဂဇင်းမျက်နှာဖုံး ဒေါ်နယ်ထရမ့် ရုပ်ပြောင်ပိုစတာများ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရုပ်ပြောင်ပုံနဲ့ တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးတု ပိုစတာတွေကို သူပိုင်ဆိုင်တဲ့ ဂေါက်သီးရိုက်အားကစားကွင်းနဲ့ အပန်းဖြေဟိုတယ်တွေမှာ လိုက်လံချိတ်ဆွဲခံခဲ့ရပြီးနောက် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီး အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဂယက်ရိုက်ခဲ့ပါတယ်။ အဲဒီရုပ်ပြောင်မျက်နှာဖုံးပေါ်မှာ ၂၀၀၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့လို့ ဖော်ပြထားခဲ့ကာ “The Apprentice is a television smash!” လို့ ခေါင်းစဉ်တပ်ထားခဲ့တာကို တွေ့ရပါတယ်။ ဒီပိုစတာတွေကို ထရမ့်ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနဲ့ အပန်းဖြေဟိုတယ်တွေမှာ ချိတ်ဆွဲခဲ့တာဖြစ်ပြီး ဘယ်သူလုပ်ခဲ့တယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် တိုင်းမ်မဂ္ဂဇင်းမှ တာဝန်ရှိသူတွေကတော့ ဒီပိုစတာတွေကို ဖြုတ်ချပေးခဲ့ရာမှာ ကူညီပေးခဲ့ပါတယ်။ တွစ်တာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတော့ ဒါဟာ နာမည်ကြီးသွားခဲ့ပြီး ထရမ့်ရဲ့ တခြားရုပ်ပြောင်ပုံတွေနဲ့ ပလူပျံနေခဲ့တာကို တွေ့ရပါတယ်။ ရုပ်ပြောင်ပုံတပုံမှာတော့ ထရမ့်ကို မင်္ဂလာသတို့သမီးဝတ်စုံ ဝတ်ဆင်လျက်သား ရုပ်ဖျက်ကာ တနှစ်တာရုရှားသတို့သမီးဆိုပြီး လှောင်ပြောင်သရော်ထားခဲ့တာကို တွေ့ရပါတယ်။ တခြား ကာတွန်းရုပ်ပြောင်ပုံတပုံမှာတော့ ထရမ့်ရဲ့ မျက်နှာပေါ်မှာ ဂေါ့ဖ်၊ ကိတ်မုန့်၊ ရုရှားအမျိုးသမီး၊ ဗလာဒီမာပူတင်နဲ့ ဒေါ်နယ်ထရမ့်တို့ ထာဝရ စတဲ့ စကားလုံးတွေကို ရေးခြစ်ပြီး ဖန်တီးထားခဲ့တာကို တွေ့ရပါတယ်။ တချို့ပုံတွေကတော့ တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးအတုပုံပေါ်မှာပဲ ထရမ့်ကို အလိမ်အညာဂိုဏ်းချုပ်နဲ့ တနှစ်တာ အကျဉ်းထောင် စတဲ့ စကားလုံး ရင့်ရင့်ကြမ်းကြမ်းတွေ အသုံးပြုထားတာကို တွေ့ရပါတယ်။ တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်နဲ့ ထရမ့်ကို တွဲစပ်ကာ လုပ်ကြံဖန်တီးထားတဲ့ ပုံတွေလည်း ပျံ့နှံ့နေခဲ့တာပါ။ တိုင်းမ်မဂ္ဂဇင်းရဲ့ ပြောရေးဆိုခွင့်ရသူ ကယ်ရီချီကာက “ဒါဟာ တိုင်းမ်မျက်နှာဖုံးမဟုတ်ဘူးဆိုတာ အတည်ပြုနိုင်ပါတယ်” လို့ ပြောလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထရမ့်အဖွဲ့အစည်းက ဘာမှမတုံ့ပြန်ခဲ့ပါဘူး။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆာရာ ဟပ်ကာဘီး ဆန်းဒါးစ်ကလည်း ဒီကိစ္စအပေါ် မှတ်ချက်မပေးနိုင်ဘူးလို့ ဆိုပါတယ်။  

A d v e r t i s e m e n t With Us

More News
Up