Home
မြန်မာသတင်း
ကျောက်တံခါးတွင် ၁၀ ဘီးကား တိမ်းမှောက်၊ ၃ ဦးသေဆုံး
DVB
·
June 30, 2017
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့မှာ ဒီနေ့ မနက် ၆ နာရီလောက်က ၁၀ ဘီးကားတစီး တိမ်းမှောက်ခဲ့ပြီး ၃ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ကျောက်တံခါးနယ်မြေ ရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။ ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်းမိုင်တိုင်အမှတ် (၁၁၇/၂) နဲ့ (၁၁၇/၃) အကြားမှာ တိမ်းမှောက်ခဲ့တာပါ။ ရန်ကုန်ကနေ မန္တလေးကို မောင်ဖြိုး မောင်းနှင်လာတဲ့ ယာဉ်ဟာ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဖြစ်ပြီး ကားလမ်းရဲ့ ဝဲဘက်ခြမ်းကို တိမ်းမှောက်ခဲ့တာပါ။ “ကားက နေကြာအိပ်တွေတင်ပြီး မောင်းလာတာဗျ။ မနက် ၆ နာရီလောက်က ဖြစ်တာပါ။ သုံးယောက်သေတယ်။ နေကြာအိပ်တွေတင်လာတဲ့ ကားပါ။ နှစ်ယောက်ရဲ့ အလောင်းကတော့ ရပါပြီ။ နောက်တယောက်ကတော့ ဖော်နေပါတယ်။ နေကြာအိပ်တွေနဲ့ ပိနေတာပါ” လို့ ကျောက်တံခါး နယ်မြေရဲတပ်ဖွဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီးတဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။ ကျောက်တံခါးမြို့မရဲစခန်းက လူများအားထိခိုက်ဒဏ်ရာများရှိပြီး သေဆုံးတဲ့အထိ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ မောင်ဖြိုးအားယာဉ် ကို ရာဇသတ်ကြီးပုဒ်မ-၃၀၄-က /၃၃၇ နဲ့ အရအမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024