A d v e r t i s e m e n t With Us

ဆော်ဒီသန်းကြွယ်သူဌေးနဲ့ Sexy ကျကျ စုံတွဲခုတ်နေသည့် ရီဟားနားဓာတ်ပုံများ ထွက်ပေါ်

ပေါ့ပ်အဆိုကျော် ရီဟားနားဟာ လုပ်ငန်းရှင် သန်းကြွယ်သူဌေးတဦးနဲ့ ကမ်းခြေမှာ စုံတွဲခုတ် ပျော်ပါးနေတဲ့ပုံတွေ ထွက်ပေါ်လာပြီးနောက်မှာ ပရိသတ်တွေက သူ့ရဲ့ အချစ်စာမျက်နှာသစ်ကို စိတ်ဝင်စားနေကြပါတယ်။ အသက် ၂၉ နှစ်အရွယ် အဆိုတော်ဟာ ဟာဆန် ဂျာမီးလ် အမည်ရတဲ့ ဆော်ဒီနိုင်ငံသား လုပ်ငန်းရှင်တဦးနဲ့ တွဲနေခဲ့တာပါ။ ဂျာမီးလ်ဟာ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ မိသားစုပိုင် အဗ္ဗဒူလ်လာတစ်ဖ်ဂျာမီးလ် လုပ်ငန်းစုရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး မိသားစုအမွေ ဆက်ခံရမယ့်သူတဦး ဖြစ်ပါတယ်။ သူဟာ မော်ဒယ်လ် နာအိုမီ ကင်းမ်ဘဲလ်နဲ့လည်း တွဲခဲ့ဖူးပြီး သူ့ရဲ့မိသားစုက ဂျာမီးလ်အမည်ရတဲ့ ဘောလုံးကလပ်အသင်းကိုလည်း ပိုင်ဆိုင်ထားတာပါ။ ဒီသီတင်းပတ်အတွင်း ထွက်ပေါ်ခဲ့တဲ့ ဓာတ်ပုံတွေထဲမှာတော့ အားလပ်ရက် ခရီးတခုမှာ ရေကူးကန်တခုတွင်း ဘီကီနီဝတ် အဆိုကျော်နဲ့ ၂ ဦးသား အတူရှိနေခဲ့တာကို တွေ့ရပါတယ်။ ရင်းမြစ်တခုကတော့ “သူတို့ ၂ ဦးကြားက ဒီပတ်သက်ဆက်နွယ်မှုဟာ တကယ်ပါပဲ။ ရီဟားနားက သူ့ရဲ့ မိတ်ဆွေတွေကို သူတို့ ၂ ဦး ချစ်ကြိုက်နေကြတယ်လို့ ပြောခဲ့ပါတယ်။ သူ့ကိုကြည့်ရတာ ရီရီရဲ့အလှမှာ ကျဆုံးသွားခဲ့ပုံပါပဲ။ သူတို့ဟာ တချိန်လုံး အတူတူရှိနေကြပြီး နောက်ယောင်ခံနေတဲ့ မျက်လုံးတွေရှေ့ကနေ ပုန်းနေကြပါတယ်။ သူတို့ဟာ တကယ့်ကို ပျော်ရွှင်နေကြပုံပါပဲ” လို့ သည်ဆန်းသတင်းကို ဖြေခဲ့ပါတယ်။ ပုံတွေထဲမှာတော့ ရီဟားနားဟာ ကော်ဖီရောင်ဘီကီနီဝတ်စုံနဲ့ ဂျာမီးလ်နဲ့အတူ ရှိနေခဲ့တာကို တွေ့ရမှာပါ။ ရီဟားနားဟာ ကာလရှည်ကြာ လက်တွဲခဲ့တဲ့ ချစ်သူဟောင်း အဆိုတော် ခရစ္စဘရောင်းနဲ့ ၂၀၀၉ ခုနှစ်ကတည်းက လမ်းခွဲခဲ့ပြီးနောက်မှာ အဆိုတော် ဒရိတ်ခ်၊ မင်းသား လီယိုနာဒိုဒီကက်ပရီယို စတဲ့ နာမည်ကျော်တွေနဲ့လည်း တွဲခဲ့ဖူးတာမို့ သူတို့ရဲ့ လက်တွဲမှုဟာ ခိုင်မာပါ့မလား ဆိုတာကို စောင့်ကြည့်နေကြပါတယ်။  

A d v e r t i s e m e n t With Us

More News
Up