ပြတ်ကျနေသည့် ဝါယာကြိုးနှင့်တိုက်မိပြီး ဆင်မိသားစု သေဆုံး

ဓာတ်ပုံ - SWNS:SOUTH WEST NEWS SERVICE
748
အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ် ကိုဒဂူဒေသ စိုက်ခင်းတွေနားမှာ အရွယ်ရောက်ဆင်ကြီး ၂ ကောင်နဲ့ ဆင်ပေါက်လေး ၂ ကောင် ပါဝင်တဲ့ ဆင်မိသားစု ဝါယာကြိုးတွေနဲ့ တိုက်မိပြီး အဲဒီနေရာမှာတင် သေဆုံးသွားတယ်လို့ သည်ဆန်းသတင်းမှာ ဇွန်လ ၂၈ ရက်နေ့က ရေးထားပါတယ်။
“အစာရှာထွက်လာတဲ့ ဆင်မိသားစုက ပြတ်ပြီး တွဲလောင်းကျနေတဲ့ လျှပ်စစ်ကြိုးတွေနဲ့ တိုက်မိပြီး အဲ့ဒီနေရာမှာပဲ သေဆုံးသွားတယ်” လို့ သတင်းရင်းမြစ်တခုအရ သိရပါတယ်။
ဒီလို ဆင်တွေ ဆက်တိုက်သေသွားတာက တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူထုကို ဒေါသဖြစ်စေပြီး ဆင်တွေက မဲပေးနိုင်တာမဟုတ်တော့ ဒီကိစ္စနဲ့ပတ်သက်လို့ အဲ့ဒီဒေသက လွှတ်တော်အမတ်တွေက စကားတလုံးမှ မပြောဘူးလို့ စွပ်စွဲနေကြကြောင်း သိရပါတယ်။
ဒီလအစောပိုင်းတုန်းကလည်း ဒီလိုပုံစံမျိုးနဲ့ ဆင်ကြီး ၂ ကောင် သေဆုံးခဲ့ရပြီး ပြီးခဲ့တဲ့ နှစ်တော်တော်များများအတွင်း ဒီပုံစံမျိုးနဲ့ သေဆုံးတဲ့ ဆင်ကောင်ရေ စုစုပေါင်း ၂၀၀ လောက်ရှိပြီလို့ သိရပါတယ်။
လက်ရှိအချိန်မှာ သစ်တောဌာန အရာရှိတွေကတော့ ဝါယာကြိုးတွေကို စီမံခန့်ခွဲလုပ်ဆောင်ဖို့ နားလည်တဲ့ လျှပ်စစ်ကော်ပိုရေးရှင်းကုမ္ပဏီ (စီအီးအက်စ်စီ) နဲ့ ဒီကိစ္စကို လုပ်ဆောင်ဖို့ အစီအစဉ် ဆွဲနေတယ်လို့ သိရပါတယ်။