A d v e r t i s e m e n t With Us

ဟောင်ကောင်အုပ်ချုပ်ရေးစနစ်နှင့်ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်သူကို ဆန့်ကျင်သွားမည်ဟု တရုတ်ပြော

တရုတ်နိုင်ငံအနေနဲ့ ဟောင်ကောင်နိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်သူ ဘယ်သူ့ကိုမဆို ဆန့်ကျင်သွားမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ တရုတ်နိုင်ငံဟာ ဟောင်ကောင်အရေးနဲ့ ပတ်သက်ပြီး “နိုင်ငံ ၁ ခု၊ စနစ် ၂ ခု” ဖြစ်နေတဲ့ အခြေအနေကို ဘယ်အကြောင်းနဲ့ ဘယ်သူကမှ ဝင်ရောက်စွက်ဖက်တာကို လက်မခံနိုင်ပါဘူးလို့ တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ရေးရာကောင်စီရုံး ပြောရေးဆိုခွင့်ရှိသူက ဇွန်လ ၂၈ ရက်နေ့မှာ ပြောလိုက်တာပါ။ ထိုင်ဝမ်ရေးရာရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက "နှစ် ၂၀ ကြာ ပြည်မလက်အောက်မှာ နေလာတာကိုကြည့်ရင် ဟောင်ကောင်ရဲ့ ကျန်ရှိနေသေးတဲ့ ပြဿနာတွေကြောင့် နိုင်ငံ ၁ ခု၊ စနစ် ၂ ခု ပုံစံဟာ ဟောင်ကောင်အတွက် အကောင်းဆုံးပါပဲ။ အဲဒါအပြင် ဟောင်ကောင်ရဲ့ ရေရှည်တည်တံ့နိုင်မယ့် အနာဂတ်အတွက်လည်း ဒီပုံစံဟာ အကောင်းဆုံးပါပဲ" လို့ ပြောခဲ့တာပါ။ ဇူလိုင် ၁ ရက်နေ့ဟာ တရုတ်ပြည်မလက်အောက်ကို ဟောင်ကောင် ပြန်လည်ရောက်ရှိတဲ့ နှစ် ၂၀ မြောက် အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up