Home
မြန်မာသတင်း
အိန္ဒု-ကော့ကရိတ်လမ်း အဆင့်မြှင့်တင်ခြင်းအခမ်းအနား ကရင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်
အောင်သူ
·
June 29, 2017
  မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက်စီးပွားရေးစင်္ကြန်၊ အိန္ဒု- ကော့ကရိတ်လမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းပန္နက်ရိုက်အခမ်းအနားကို ဒီနေ့မနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့ သာယာကုန်းကျေးရွာအနီး ဘားအံမြဝတီလမိးမကြီးမှာ ပြုလုပ်ခဲ့တာပါ။ အဲဒီလမ်း အရှည် ၄၁ မိုင်ကျော်ရှည်ပြီး တရုတ်ကုမ္ပဏီတခုဖြစ်တဲ့ CBRB က လုပ်ကိုင်ခွင့်ရထားတာပါ။ ဒီလမ်းပိုင်းက ကမ္ဘာ့ဘဏ်ချေးငွေနဲ့ တည်ဆောက်မှာဖြစ်ပြီး စီမံကိန်းနဲ့ မလွတ်တဲ့နေရာတွေက ပြည်သူတွေကို ပြည်ထောင်စုအစိုးရက လျော်ကြေးငွေပေးအပ်ရမှာဖြစ်ပြီး ဆောက်လုပ်ရေဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒီနေ့အခမ်းအနားကို ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီစီမံကိန်းကို ၂၀၁၉ ခုနှစ်မှာ အပြီးလုပ်ဆောင်ရမှာဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024