Home
မြန်မာသတင်း
တူးမီးယမ်းသေနတ်မှ ရုတ်တရက် ကျည်ထွက်ပြီး အမျိုးသားတဦး သေဆုံး
DVB
·
June 29, 2017
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာအုပ်စု၊ ပတ္တမြားကျေးရွာ ကမ်းနားလှေဆိပ်မှာ ဇွန် ၂၈ ရက်နေ့ မနက်ပိုင်းက တူးမီးယမ်းထောင်းသေနတ်မှ ရုတ်တရက် ကျည်ထွက်သွားတာကြောင့် အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။ မြိတ်မြိုနယ်၊ တုံးဗျောကြီး ကရင်စုကျေးရွာနေ အသက် ၅၃ နှစ်အရွယ် စောလေဒါး(ခ)စောဝင်းရှိန်ဟာ ဇွန်လ ၂၈ ရက် မနက်ပိုင်းက နော်ထယ်ကျေးရွာမှ ချိန်းဆောစက် သွားယူဖို့အတွက် စက်လှေရှိရာကို အဆင်း မြစ်ကမ်းပါးမှာ ခြေချော်လဲကျရာ လွယ်အိတ်ထဲမှာ ထည့်ထားတဲ့ အရှည် ၉ လက်မခွဲခန့်ရှိ ယမ်းထောင်းပြီး ယမ်းကတ်ထည့်ထားတဲ့ တူးမီးယမ်းထောင်းသေနတ်က ရုတ်တရက် ကျည်ထွက်သွားပြီး ဝဲဘက်ရင်အုံကို ထိမှန်ခဲ့တာကြောင့် နေရာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တကူရဲကင်းစခန်းမှ ရဲအုပ်ကျော်ဝင်းမှ တရားလို ပြုတိုင်တန်းသဖြင့် တနင်္သာရီမြို့မရဲစခန်းက (ပ) ၂၀၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) အရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ်(မြိတ်)၊ ဓာတ်ပုံ - ရဲမှတ်တမ်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024