A d v e r t i s e m e n t With Us

နယူးယောက်တိုင်းမ်စကွဲခေါင်မိုးတွင် အုံဖွဲ့နေသည့် ပျားကောင်ရေ ၃ သောင်းခန့်ကို ဖယ်ရှား (ရုပ်သံ)

နယူးယောက်မြို့ တိုင်းမ်စကွဲအဆောက်အဦ ခေါင်မိုးပေါ်မှာ ဇွန်လ ၂၇ ရက်နေ့က ပျားကောင်ရေ ၃ သောင်းခန့် အုံဖွဲ့နေလို့ အဲဒီပျားတွေကို ပျားထိန်းသိမ်းစောင့်ရှောက်သူတဦးက သွားရောက်ယူဆောင်ခဲ့ပြီး ဥယျာဉ်တခုထဲမှာ နေရာချထားပေးခဲ့ပါတယ်။ ပျားထိန်းသိမ်းရေးသမားဟာ တိုက်ခေါင်မိုးမှာရှိတဲ့ ပျားအုံကို သွားရောက် ယူဆောင်ခဲ့ပြီးနောက် သူက “နယူးယောက် တိုင်းမ်စကွဲအဆောက်အဦ ခေါင်မိုးပေါ်မှာ ပျားစွဲနေတယ်လို့ သတင်းရတာနဲ့ ပျားတွေကို သွားသယ်ခဲ့ပါတယ်။ အခု သူတို့မှာ နေစရာလိုနေတယ်။ အဲဒီပျားတွေကို ဘရိုင်ယန်ပါ့ခ်မှာ နေရာချထားပေးမှာပါ။ ဘရိုင်ယန်ပါ့ခ်မှာ ထားရတဲ့ နံပါတ် ၁ အချက်က ပျားတွေအတွက် နေစရာ ချက်ချင်းကိုလိုပါတယ်။ သူတို့ကို ပုံးလေးထဲမှာ ထားရတာ။ သိပ်ကြာသွားရင် အပူလွန်သွားမယ်။ နံပါတ် ၂ အချက်က ဘရိုင်ယန်ပါ့ခ်မှာ ပျားအုံ ၂ ခု ရှိပါတယ်။ တအုံနဲ့တအုံက ရှေ့နဲ့နောက် ဖြစ်နေတယ်။ အဲဒါဆိုရင် အဆင်ပြေသွားမယ်။ မိနစ်ပိုင်းအတွင်း ပျားကောင်ရေ နှစ်ဆ ဖြစ်သွားလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အန္တရာယ်မရှိတဲ့ ပျားတွေကို ဘရိုင်ယန်ပါ့ခ် ဥယျာဉ်ထဲက နဂိုရှိပြီးသား ပျားတွေနဲ့အတူ နေရာချပေးခဲ့ပါတယ်။ ဒါ့အပြင် သူက ပျားတွေနဲ့ပတ်သက်ပြီး “ပျားတွေက နာခံတတ်ပါတယ်။ ခင်တတ်မင်တတ်တယ်။ ကျနော်တို့အတွက် အကျိုးများပါတယ်။ ပျားတွေက သိမ်မွေ့တယ်။ ကျနော်တို့ဘဝမှာ အရေးပါပါတယ်။ ကျနော်တို့ အသက်ရှင်စေတဲ့ အစာတွေကို သူတို့က ဝတ်မှုန်ကူးပေးပါတယ်” လို့  သူ့အမြင်ကို ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up