A d v e r t i s e m e n t With Us

ဒိုင်များမဆုံးဖြတ်နိုင်ဘဲ ဆုအတူတူပေးခဲ့ရသည့် ကာယဗလမယ် အမြွှာ ၃ ဖော် (ရုပ်သံ)

ဘရာဇီးနိုင်ငံမှာ ကျင်းပခဲ့တဲ့ အမျိုးသားအဆင့် ကမ္ဘာ့ကာယဗလမယ်ပြိုင်ပွဲမှာ အမြွှာညီအစ်မ ၃ ဖော်ကို ဒိုင်တွေက ဘယ်သူဘယ်ဝါဖြစ်တယ်လို့ ဝေခွဲဆုံးဖြတ်ရ ခက်ခဲခဲ့ပြီးနောက်မှာတော့ ၃ ယောက်လုံးကို ပထမ၊ ဒုတိယနဲ့ တတိယဆုတွေ အသီးသီး ပေးခဲ့ရပါတယ်။ ခုချိန်မှာတော့ အမြွှာညီအစ်မ ၃ ဖော်ဖြစ်ကြတဲ့ အက်ဒရီယန်နာ၊ အလက်ဇန္ဒြာနဲ့ အန်ဒရီယာ ဒဲန်းတပ်စ်တို့ဟာ ဘရာဇီးနိုင်ငံရဲ့ အမျိုးသားအဆင့် ကာယဗလချန်ပီယံတွေ ဖြစ်ခဲ့ကြပါပြီ။ ဘယ်သူက ပထမ၊ ဘယ်သူက ဒုတိယဖြစ်တယ်ဆိုတာဟာ သူတို့ညီအစ်မတွေအတွက် အရေးတကြီးမဟုတ်ဘဲ သူတို့ဟာ တချိန်လုံး အတူတူပဲ ရှိနေကြတာမို့ သူတို့ထဲက ဘယ်သူနိုင်နိုင် ညီအစ်မအကုန်လုံး အနိုင်ရတာပဲဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။ ခုချိန်မှာ အသက် ၃၅ နှစ်အရွယ် အသီးသီးရှိနေကြပြီဖြစ်တဲ့ အမြွှာညီအစ်မတွေဟာ အသက် ၁၇ နှစ်အရွယ်တည်းက ခန္ဓာကိုယ်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေကို စတင် လေ့ကျင့်ခဲ့ကြတာလို့ ဆိုပါတယ်။ သူတို့ညီအစ်မ ၃ ဖော်ဟာ ရင်သားကို ဆီလီကွန်အစားထိုး ပလတ်စတစ်ဆာဂျရီ လုပ်ထားတာကအစ ခန္ဓာကိုယ်အလေးချိန်အဆုံး ထပ်တူညီဖြစ်အောင် လေ့ကျင့်ထားခဲ့ကြတာပါ။ ဒိုင်တွေက သူတို့ညီအစ်မ ၃ ယောက်စလုံးကို တယောက်ချင်းစီ မကြေညာဘဲ ပထမ၊ ဒုတိယနဲ့ တတိယဆုတွေ အသီးသီးရရှိတယ်လို့ ကြေညာလိုက်တဲ့အခါမှာတော့ အံ့သြဝမ်းသာခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့ညီအစ်မတွေဟာ ကနေဒါနဲ့ တခြားနိုင်ငံတွေမှာ အိမ်ထောင်တွေ အသီးသီးနဲ့ ကွဲပြားစွာ နေထိုင်နေကြတာဖြစ်ပြီး ခုလို တနေရာတည်း တချိန်တည်းမှာ ဆုရရှိခဲ့ကြလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ကြပါဘူး။ တကယ်တမ်းက သူတို့ဟာ ၄ မြွှာပူးမောင်နှမတွေအဖြစ် မွေးဖွားလာခဲ့ကြတာဖြစ်ပြီး အစ်ကိုတယောက်လည်း ရှိနေပါသေးတယ်။ အီတလီနိုင်ငံမှာ နေထိုင်တဲ့ အန်ဒရီယာက “ခုလို အနိုင်ရရှိခဲ့တာဟာ တကယ့်ကို အံ့သြစရာပါပဲ။ ကျမတို့ ညီအစ်မတွေအားလုံး အတူတူပြန်ဆုံတွေ့ကြပြီး ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့လို့လေ။ ၃ ယောက် တသားတည်းပေါ့” လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up