Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 28, 2017
မတ်ပဲ ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ၅၀၀၀ ကျပ်ဈေးကျလာပြီးတော့ ၁ တန်ကို ငွေကျပ် ၈၄၈,၀၀၀ ပေါက်ဈေးရှိနေပါတယ်။ ပဲစင်းငုံနီ ပဲစင်းငုံနီကတော့ ဒီနေ့မှာ ၁ တန်ကို ၁၅,၀၀၀ ဈေးကျလာပြီးတော့ ဒီနေ့ပေါက်ဈေးကတော့ ၁ တန်ကို ငွေကျပ် ၆၂၈,၀၀၀ ပေါက်ဈေးရှိနေပါတယ်။ ကုလားပဲလုံး ကုလားပဲလုံးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၅၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၁၉၅၀ ကျပ်ကနေ ငွေကျပ် ၂၁၅၀ ဈေးရှိပါတယ်။ ကြက်သွန်ဖြူ ကြက်သွန်ဖြူ(တောင်ကြီး၊ အောင်ပန်း)ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်သွားပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၂,၆၀၀ ကျပ်ကနေ ငွေကျပ် ၃,၆၀၀ ဈေးရှိပါတယ်။ ကြက်သွန်နီ ကြက်သွန်နီ(ဆိပ်ဖြူ၊ မြင်းခြံ၊ ပခုက္ကူ)ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၅၀ ကျပ် ဈေးတက်သွားပြီးတော့ ဒီနေ့ပေါက်ဈေးက ၉၀၀ ကျပ်ကနေ ငွေကျပ် ၁,၃၀၀ ပေါက်ဈေးရှိနေ ပါတယ်။ စားအုန်းဆီ စားအုန်းဆီ ၁ ပိဿာကို ငွေကျပ် ၁,၈၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၀ ကျပ် ဈေးကျသွားပါတယ်။ နှမ်းညို မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းညို ၁ အိတ်ကို ၂,၀၀၀ ဈေးကျသွားပြီးတော့ ဒီနေ့ပေါက်ဈေး ငွေကျပ် ၈၃,၀၀၀ ကနေ ၈၄,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။ နှမ်းနက်(စမုံ) နှမ်းနက်(စမုံ) ၁ အိတ်ကို ၅,၀၀၀ ဈေးတက်သွားပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၁၀၅,၀၀၀ ကနေ ၁၁၀,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း- AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024