အာဖရိကကျွဲကြီးကို ခြင်္သေ့အုပ်စုက ကြောက်မက်ဖွယ် အမဲဖျက်တိုက်ခိုက် (ရုပ်သံ)
Published By
DVB | 28 June, 2017
1.2K
0
Share
0
Comment
0
Likes
သားရိုင်းတိရစ္ဆာန်တွေရဲ့ ကမ္ဘာမှာ အင်အားကြီးသူသာ အနိုင်ရစတမ်းဆိုပေမယ့် အုပ်စုဖွဲ့ တိုက်ခိုက်ခံရတဲ့အခါမှာတော့ အင်အားကြီးသူဟာလည်း လက်မြှောက်အရှုံးပေးရတာဟာ သဘာဝပါပဲ။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အာဖရိကကျွဲကြီးတကောင်ကို ကြောက်မက်ဖွယ် အုပ်စုလိုက် အနိုင်တိုက်ခိုက် အမဲဖျက်ခဲ့ကြတဲ့ ခြင်္သေ့အုပ်စုရဲ့ တိုက်ခိုက်မှုတွေကို တွေ့ရမှာပါ။
သာမန်အားဖြင့်ဆိုရင်တော့ အာဖရိကကျွဲတွေရဲ့ အရွယ်အစားဟာ ခြင်္သေ့တကောင်ရဲ့ ၂ ဆလောက် ရှိတတ်တာမို့ တကောင်ချင်း အနိုင်တိုက်နိုင်ဖို့ မလွယ်ကူလှပါဘူး။
ဒီအခြေအနေမှာတော့ အုပ်စုထဲကနေ ကွဲထွက်လာတဲ့ ကျွဲကြီးကို ခြင်္သေ့အုပ်စုက ထပ်ကြပ်မကွာလိုက်လာပြီး တိုက်ခိုက်ခဲ့ကြလို့ သေဆုံးသွားခဲ့ရတာပါ။
ဒီအဖြစ်အပျက်ဟာ အောင်အာဖရိကနိုင်ငံ၊ ကရူဂါ အမျိုးသားဥယျာဉ်တွင်းမှာ ဖြစ်ခဲ့ပြီး အသက် ၃၈ နှစ်အရွယ် အာမက်ဒ် အစ္စမေးလ်က မျက်မြင်တွေ့ရှိပြီး မှတ်တမ်းတင် ရိုက်ကူးထားနိုင်ခဲ့တာပါ။
သူရပ်ထားတဲ့ ကားအနီးမှာ ခြင်္သေ့အုပ်စုက လိုက်လို့ ကျွဲကြီးဟာ အော်ဟစ်ပြီး ထွက်ပြေးနေခဲ့တာကို တွေ့ရပါတယ်။
အဲဒီနောက်တော့ ကားလမ်းအနီး ခြုံပုတ်တခုအနီးမှာ ခြင်္သေ့အုပ်စုကြား ပိတ်မိနေခဲ့တဲ့ ကျွဲကြီးကို တွေ့ရမှာပါ။
ခြင်္သေ့တွေဟာ ကျွဲကြီးရဲ့ ခန္ဓာကိုယ်အနှံ့ တကောင်ပြီးတကောင် ကိုက်ခဲတိုက်ခိုက်နေခဲ့ကြတာဟာ တကယ့်ကို ထိတ်လန့်စရာပါပဲ။
အချိန် ၁ နာရီ မိနစ် ၂၀ လောက်ကြာမြင့်တဲ့ ဒီတိုက်ခိုက်မှုရဲ့ နောက်ဆုံးမှာတော့ ကျွဲကြီးဟာ ခြင်္သေ့တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရပါတယ်။