Home
မြန်မာသတင်း
ကော့သောင်းတွင် ကျပ်သိန်း ၇၀ ကျော်တန်ဖိုးရှိ WY စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
June 28, 2017
ကော့သောင်းမြို့မှာ ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းက WY စာတန်းပါ စိတ်ကြွဆေးပြား အများအပြား ဖမ်ဆီးရမိခဲ့တယ်လို ကော့သောင်းမြို့မရဲစခန်းမှ တာဝန်ရှိသူက ပြောပါတယ်။ မူးယစ်ဆေးဝါးသတင်းအရ ကော့သောင်း မြို့မရဲစခန်းမှ တာဝန်ရှိသူတွေဟာ ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ ရွှေမင်းဝံကျောင်းလမ်းရှိ မေတ္တာမွန် တည်းခိုခန်းမှာ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ အခန်းအမှတ် (၉) မှာ တည်းခိုနေသူ လွင်မိုးထက်ကို ခုတင်ပေါ်မှာ တွေ့ရှိရပြီး ဇင်ကိုသက်ကို အခန်းတွင်းရှိ အိမ်သာက ထွက်လာတာကို တွေ့ရှိရတာကြောင့် အိမ်သာတွင်း ရှာဖွေရာမှာ ဘိုထိုင်အိမ်သာ ရေဆွဲရေအိမ်အတွင်းက ဖယောင်းစက္ကူနဲ့ ထုပ်ထားတဲ့ အိတ်အတွင်းက WY စာတန်းပါ စိတ်ကြွဆေးပြား ၂၀၀ ပြားပါ အထုပ် ၁၀ ထုပ်တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ အခန်းတွင်းရှိ ရေခဲသေတ္တာအပေါ်ထပ်မှာ ခဲရောင်တိပ်နဲ့ ပတ်ထားတဲ့ အထုပ် ၃ ထုပ်ကို ထပ်မံတွေ့ရှိရတာပါ။ စုစုပေါင်းဆေးပြား ၂၅၉၅ ပြား၊ ကာလတန်ဖိုး ၇,၇၈၅,၀၀၀ ကျပ်နဲ့ မြန်မာငွေစက္ကူ ၁၈၆၁၀၀ ကျပ်၊ ထိုးဘတ်ငွေ ၁၂၀၀၀ ဘတ်၊ ဖုန်း ၃ လုံး၊ Power Bank ၁ ခုတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ လွင်ကိုထက်(ခ)မိုးထက် (၂၃-နှစ်)နဲ့ ဇင်ကိုသက်(ခ)ဖိုးချို (၂၃-နှစ်) တို့ နှစ်ဦးကို ဒုရဲအုပ်သက်ပိုင်ဦးက တရားလိုပြုလုပ်ပြီး ကော့သောင်းမြို့မရဲစခန်းမှာ မယ(ပ)၃၇/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့် အရေးယူထားတယ်လို့ ဒုရဲအုပ်ရဲနိုင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။ သတင်း - လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024