A d v e r t i s e m e n t With Us

KBZ Bank Cup ယူ-၂၂ ဖိတ်ခေါ်ဖလား ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ် (ဓာတ်ပုံ)

KBZ Bank Cup ယူ-၂၂ ဖိတ်ခေါ်ဖလားပြိုင်ပွဲ ပွဲကြို သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ မြန်မာယူ-၂၂ နည်းပြ ဂတ်ဇီဆီနဲ့ အသင်းခေါင်းဆောင် စည်သူအောင် အပါအဝင် ဟောင်ကောင်ယူ-၂၂၊ ကမ္ဘောဒီးယားယူ-၂၂ နဲ့ ဂျပန်တက္ကသိုလ်လက်ရွေးစင်အသင်း နည်းပြချုပ်တွေနဲ့ အသင်းခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။ KBZ Bank Cup ပြိုင်ပွဲမှာ အသင်းလေးသင်းကို အုပ်စုပတ်လည် ကစားရမှာဖြစ်ပြီး အမှတ်အများဆုံးအသင်းက ချန်ပီယံဆုဖလား ရရှိမှာပါ။ ဒီပွဲဟာ အာရှယူ-၂၃ ခြေစစ်ပွဲနဲ့ ဆီးဂိမ်းပြိုင်ပွဲတွေအတွက် အကြိုပြင်ဆင်မှုဖြစ်ပေမယ့် ပရိသတ်တွေအတွက် ဆုဖလားရဖို့ အကောင်းဆုံး ကြိုးစားသွားမယ်လို့ မြန်မာယူ-၂၂ အသင်းခေါင်းဆောင် စည်သူအောင်က ပြောပါတယ်။ မြန်မာနည်းပြ ဂတ်ဇီဆီကတော့ ဒီပွဲမှာ အသင်းကောင်းတွေ ပါဝင်နေလို့ မြန်မာယူ-၂၂ အတွက် အကျိုးရှိတဲ့ပြိုင်ပွဲဖြစ်ပြီး အကောင်းဆုံးခြေစွမ်းရအောင် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ အဖွင့်ပွဲစဉ်တွေကို ဇွန်လ ၂၈ ရက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ညနေ ၃ နာရီမှာ ဟောင်ကောင်ယူ-၂၂ နဲ့ ဂျပန်တက္ကသိုလ်လက်ရွေးစင်၊ ညနေ ၆ နာရီမှာ မြန်မာယူ-၂၂ နဲ့ ကမ္ဘောဒီးယားယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - လွှမ်းမိုးအောင်  

A d v e r t i s e m e n t With Us

More News
Up