ချဲလ်ဆီးကွင်းလယ်လူ မာတစ်ကို ခေါ်ယူရန် မော်ရင်ဟို ပြင်ဆင်နေ

711
မန်ယူနည်းပြ မော်ရင်ဟိုဟာ အသင်းဟောင်း ချဲလ်ဆီး ကွင်းလယ်လူ မာတစ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
ချဲလ်ဆီးအသင်းဟာ မိုနာကိုကွင်းလယ်လူ ဘာကာရိုကိုကို ဒီတပတ်အတွင်း အပြီးသတ် ခေါ်ယူစာချုပ်ဖို့ရှိပြီး သူရောက်လာမယ်ဆိုရင် မာတစ်ကို ရောင်းချဖို့ စီစဉ်ထားတာပါ။
မန်ယူအသင်းအနေနဲ့ မာတစ်ကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ခန့် ပေးချေရမှာဖြစ်တယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ ကွင်းလယ်ခံစစ်နေရာအတွက် စပါးကွင်းလယ်လူ အဲရစ်ဒိုင်ယာကိုလည်း ခေါ်ယူလိုပေမယ့် စပါးအသင်းက ရောင်းချဖို့ ဆန္ဒမရှိတာကြောင့် မာတစ်ကိုခေါ်ယူဖို့ ပြင်ဆင်လာတာပါ။
အသက် ၂၈ နှစ်ရှိ ဆားဘီးယားကစားသမား နီမန်ဂျာ မာတစ်ဟာ ၂၀၁၄ ခုနှစ်က ပေါ်တူဂီကလပ် ဘင်ဖီကာကနေ ချဲလ်ဆီးကို ပြန်လည်ပြောင်းရွှေ့လာတာပါ။
မာတစ်ဟာ ချဲလ်ဆီးအသင်းနဲ့ လေးနှစ်အတွင်း စုစုပေါင်း ၁၅၁ ပွဲကစား၊ ၇ ဂိုး သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂ လုံး၊ အက်ဖ်အေဖလား ၁ လုံးနဲ့ လိဂ်ဖလား ၁ လုံး ရယူနိုင်ခဲ့ပါတယ်။