Home
မြန်မာသတင်း
ပြည်နယ်လွှတ်တော်နှင့်ပူးပေါင်းဆောင်ရွက်ရန် ရခိုင်ပြည်နယ်အစိုးရကိုတိုက်တွန်း
DVB
·
June 27, 2017
  ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ပြည်နယ် လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့  ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။ ဇွန်လ ၂၇ ရက်  ရခိုင်ပြည်နယ်လွှတ်တော်ပုံမှန် အစည်းအဝေး မိန့်ခွန်းပြောတဲ့အခါ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့တာပါ။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက “ကျနော်တို့ ပြည်နယ်ဟာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ ပြည်နယ် ဖြစ်ပါတယ်။ လူငယ်တွေ စီးပွားရေးကြောင့် နေရပ်စွန့်ခွာနေကြတယ်။ အထူးသဖြင့် ဘူးသီးတောင် မောင်တောက လူတွေဟာ စီးပွားရေးကြောင့် မဟုတ်ဘဲ အသက်အန္တရာယ်ကို စိုးရိမ်နေကြတဲ့အတွက် နေရပ်ကို စွန့်ခွာကြတယ်။ ဒီလူတွေကို ကာကွယ်ပေးရမှာ ဖြစ်တယ်။ လွှတ်တော်နဲ့ အစိုးရဟာ အမြဲတမ်း သဟဇာတမဖြစ်နိုင်ဘူး။ ဒါပေမယ့် အမျိုးသားအကျိုးစီးပွားနဲ့ နယ်မြေတည်တံ့ရေးကိစ္စမှာ တသားတည်းကျဖို့ လိုအပ်ပါတယ်”လို့ ပြောကြားခဲ့တာပါ။ မောင်တောဒေသ လတ်တလောအခြေအနေနဲ့ ပတ်သက်ပြီး ဇွန် ၂၈ ရက် အစည်းအဝေးမှာ အရေးကြီးအဆို တင်ပြဖို့ရှိတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။ ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ ၂၀၁၆ အောက်တိုဘာလကတည်းက တိုက်ခိုက် သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်နေပြီး အရပ်သား သေဆုံးသူ ၃၅ ဦးနဲ့ ပျောက်ဆုံးသူ ၂၀ ကျော် ရှိနေပါတယ်။ သတင်း၊ ဓာတ်ပုံ - ကိုအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024