ဘရာဇီးဘဏ္ဍာရေးဝန်ကြီးဟောင်းအား အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်

ဓာတ်ပုံ - ရိုက်တာ
729
ဘရာဇီးနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဟောင်း အန်တိုနီယို ပယ်လိုချီကို အကျင့်ပျက်ခြစားမှုနဲ့ ငွေကြေးခဝါချမှုတို့အတွက် ဇွန်လ ၂၆ ရက်နေ့က တရားရုံးကနေ ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ပါတယ်။
ပယ်လိုချီဟာ သမ္မတ လူလာဒါ ဆေးဗား လက်ထက်မှာ ဘဏ္ဍာရေးဝန်ကြီးတာဝန်ကို ယူခဲ့ပြီး သမ္မတ ဒီမာရူးဆက် လက်ထက်မှာတော့ ဦးစီးချုပ်တာဝန်ကို ယူခဲ့ပါတယ်။
၂၀၀၃ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း ဘရာဇီးသမ္မတ လူလာနဲ့ ဒီမာရူးဆက်တို့ရဲ့ အရင်းနှီးဆုံး အကြံပေးပုဂ္ဂိုလ်တဦးဖြစ်ခဲ့တဲ့ ပယ်လိုချီဟာ လူလာရဲ့ အလုပ်သမားပါတီအတွက် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာက ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။