A d v e r t i s e m e n t With Us

အကျဉ်းသားများကို အဖော်အချွတ်ကချေသည်များနှင့် ပျော်ပါးခွင့်ပေးခဲ့သည့်အကျဉ်းထောင် ဝေဖန်ခံရ

ဓာတ်ပုံ - ဒေးလီးမေးလ်
တောင်အာဖရိကနိုင်ငံ အကျဉ်းထောင်တခုမှ အကျဉ်းသားတွေဟာ အဖော်အချွတ်ကချေသည် အမျိုးသမီးတွေနဲ့ ပျော်ပါးနေကြတဲ့ ဓာတ်ပုံတွေ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့ပြီးနောက်မှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ဒီအဖြစ်အပျက်ဟာ တောင်အာဖရိကနိုင်ငံ ဆန်းစီးတီးအကျဉ်းထောင်ထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒါဟာ သက်ဆိုင်ရာ အကျဉ်းထောင်တာဝန်ရှိသူတွေရဲ့ ပျော်ပွဲရွှင်ပွဲကျင်းပမှု တစိတ်တပိုင်းဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဇွန်လ ၂၆ ရက်နေ့က ဖော်ပြပါတယ်။ အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေထဲမှာတော့ အဖော်အချွတ်ကချေသည် အမျိုးသမီး ၂ ဦးဟာ သားရေလည်ရှည်ဖိနပ်နဲ့ အတိုအပြတ်ဝတ်စုံတွေ ဝတ်ဆင်ထားခဲ့ပြီး အကျဉ်းသားတွေနဲ့ ပျော်ပါး ကခုန်နေခဲ့တာကို တွေ့ရပါတယ်။ သူတို့ရဲ့ ဘေးပတ်ပတ်လည်မှာတော့ အကျဉ်းထောင် တာဝန်ရှိသူတွေကို ယူနီဖောင်းတွေနဲ့ ရှိနေခဲ့ကြတာ တွေ့ရပါတယ်။ ဒီဓာတ်ပုံတွေကို ဒါဘန် အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာ ဝေဖန်မှုတွေ မြင့်တက်လာခဲ့တာပါ။ ဓာတ်ပုံတွေအောက်မှာ ဝေဖန်မှတ်ချက်ပေးသူတွေက ဒါဟာ အကျဉ်းသားတွေကို ကြယ် ၅ ပွင့်အဆင့် ဧည့်ခံဖျော်ဖြေမှုဖြစ်တယ်လို့ ရေးခဲ့ကြပြီး တချို့ကလည်း တောင်အာဖရိကနိုင်ငံရဲ့ တရားစီရင်ရေးစနစ်အပေါ် လှောင်ပြောင် ရှုတ်ချခဲ့ကြတာပါ။ ခုလို ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီးနောက်မှာတော့ တောင်အာဖရိက အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဆိုင်ရာ အဖွဲ့က ဒီပျော်ပွဲရွှင်ပွဲမှာ ပါဝင်ခဲ့တဲ့ အကျဉ်းထောင်ဝန်ထမ်း အနည်းဆုံး ၁၃ ဦးကို ဖမ်းဆီးအရေးယူသွားမယ်လို့ ပြောပါတယ်။ တောင်အာဖရိကနိုင်ငံ မြို့တော် ဂျိုဟန်နစ္စဘာ့ဂ်မြို့မှာ တည်ရှိတဲ့ ဒီ ဆန်းစီးတီး အကျဉ်းထောင်ဟာ နိုင်ငံရဲ့ အဆိုးဝါးဆုံး ရာဇဝတ်ပြစ်မှု ကျူးလွန်သူတွေကို ထားရှိတဲ့ အကျဉ်းထောင်တွေထဲက တခုဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up