A d v e r t i s e m e n t With Us

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တရုတ်လူ့အခွင့်အရေးလှုပ်ရှားသူ လျူရှောင်ဘို ပြန်လည်လွတ်မြောက်

ဓာတ်ပုံ - ရိုက်တာ
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တရုတ်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လျူရှောင်ဘိုကို အသည်းကင်ဆာ နောက်ဆုံးအဆင့်အတွက် ဆေးဝါးကုသမှုဆိုင်ရာ လွတ်ငြိမ်းခွင့်နဲ့ အကျဉ်းထောင်က ပြန်လွှတ်ပေးလိုက်ပြီလို့ သူ့ရှေ့နေက ဇွန်လ ၂၆ ရက်နေ့မှာ ပြောပါတယ်။ အသက် ၆၁ နှစ်အရွယ် လျူဟာ အဖျက်အမှောင့်လုပ်ငန်းတွေ လှုံ့ဆော်လှုပ်ရှားမှုနဲ့ စွပ်စွဲခံရပြီး  ၂၀၀၉ မှာ ထောင်ကျခဲ့တာပါ။ တရုတ်နိုင်ငံတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ ဆော်သြတဲ့ အမှတ် ၈ ပဋိညာဉ်စာတမ်းလို့ လူသိများတဲ့ အသနားခံလွှာရေးရာမှာ ကူညီခဲ့အပြီး ထောင်ကျတာဖြစ်ပါတယ်။ တရုတ်နိုင်ငံတွင်း လူ့အခွင့်အရေး မြှင့်တင်ရေး လှုပ်ရှားမှုအတွက် သူ့ကို ၂၀၁၀ ဒီဇင်ဘာမှာ နော်ဝေ နိုဘယ်ဆုရွေးချယ်ရေးကော်မတီက ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးအပ်ခဲ့ပါတယ်။ ဒါကြောင့် တရုတ်နဲ့ နော်ဝေ သံတမန်ဆက်ဆံရေး အေးသွားခဲ့ပြီး မနှစ် ဒီဇင်ဘာကမှ တရုတ်နဲ့ နော်ဝေ သံတမန်ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်ခဲ့ပါတယ်။ ရှန်းယန်မြို့မှာ မစ္စတာလျူ ဆေးကုနေတဲ့သတင်းကို သူ့ရှေ့နေ ရှောင်ဘောင်ကျွင်းက အတည်ပြုပြောကြားလိုက်ပြီး ဆေးကုသမှုဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း အတည်ပြု ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up