A d v e r t i s e m e n t With Us

တရုတ်တွင် မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူ ၉၃ ဦးကို စွန့်စွန့်စားစား ဆက်လက်ရှာဖွေ (ရုပ်သံ)

တရုတနိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ ဇွန်လ ၂၅ ရက် နေ့လယ်ပိုင်းက မြေပြိုမှု ဖြစ်ပွားခဲ့တဲ့အတွက် ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ ပျောက်ဆုံးနေတဲ့ လူ ၉၃ ဦးကို စွန့်စွန့်စားစား ဆက်လက်ရှာဖွေနေပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ ရေစီးသန်လွန်းတဲ့မြစ်ကို ခက်ခက်ခဲခဲဖြတ်ကူးပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာပါ။ မြေထပ်ပြိုနေတဲ့ကြားထဲက ကယ်ဆယ်ရေးဝန်ထမ်း ၃၀၀၀ ကျော် တာဝန်ထမ်းဆောင်နေတာလို့ ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒါပေမယ့် အပြိုအပျက်တွေအောက်မှာ အသက်ရှင်သူ တွေ့နိုင်ခြေနည်းပါးတယ်လို့ ဘူမိဗေဒ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ စီချွမ်ပြည်နယ်ဟာ မကြာခဏ ငလျင်အန္တရာယ်နဲ့ တွေ့ကြုံရလေ့ရှိပြီး ၂၀၀၈ ခုနှစ်က  ဝမ်ချွမ်စီရင်စုမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၈ မဂ္ဂနီကျုရှိတဲ့ မြေငလျင်ကြောင့် လူ ၇ သောင်း သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up