A d v e r t i s e m e n t With Us

စပိန်တွင် တောမီးအကြီးအကျယ်လောင်ကျွမ်း၊ လူ ၁၅၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ (ရုပ်သံ)

စပိန်နိုင်ငံတောင်ပိုင်းမှာ တောမီးအကြီးအကျယ် လောင်ကျွမ်းမှုကြောင့် လူ ၁၅၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတဦးက ဇွန်လ ၂၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဝေဘာမြို့ မိုဂူရာဒေသအနီးမှာ ဇွန်လ ၂၄ ရက် ညက တောမီးလောင်ကျွမ်းတာကို တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီတောမီးကို level 1 အဆင့် သတ်မှတ်ထားတယ်လို့ အရေးပေါ်မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။ အခုလောင်ကျွမ်းတဲ့တောမီးဟာ မျိုးသုဉ်းပျောက်ကွယ်တော့မယ့် မျိုးစိတ်ပေါင်းများစွာ ကြွယ်ဝတဲ့ ဒွန်နာညာ အမျိုးသားဥယာဉ်ကို ကူးစက်နိုင်တဲ့အန္တရာယ် ရှိပါတယ်။ ဒေသန္တရအစိုးရရဲ့ ပြည်တွင်းရေးနဲ့ တရားရေးကောင်စီလူကြီးက သူတို့အနေနဲ့ ပြည်သူတွေကို စိတ်အေးအေးထားစေလိုပါတယ်၊ အခုအခြေအနေက လေငြိမ်သွားပြီဖြစ်ပေမယ့် မီးငြှိမ်းသတ်ရေးလုပ်ငန်းကို အင်တိုက်အားတိုက် ဆက်လက်လုပ်ဆောင်မှာ ဖြစ်တယ်၊ လုံခြုံရေးဟာ သူတို့ရဲ့ ဦးစားပေးတာဝန်ဖြစ်ပြီး လုံခြုံမှုရှိအောင် ဆောင်ရွက်နေတယ်၊ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ စိတ်အေးအေးထားကြဖို့ ပြောကြားခဲ့ပါတယ်။ မီးသတ်ဝန်ထမ်းတွေဟာ လေယာဉ် ၁၁ စင်း၊ ရဟတ်ယာဉ် ၁၀ စင်းနဲ့ မီးသတ်ယာဉ်ပေါင်း များစွာကို အသုံးပြုပြီး စစ်ဘက်-အရပ်ဘက် ပူးပေါင်း မီးငြှိမ်းသတ်ကြပါတယ်။ အရေးပေါ် မီးသတ်ဝန်ထမ်းတွေဟာ ကြိုးစားမီးငြှိမ်းသတ်နေပေမယ့် လေတိုက်နှုန်း ပြင်းထန်တာကြောင့် မီးထိန်းချုပ်နိုင်မယ့်အချိန်ကို ခန့်မှန်းရခက်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up