အီတလီတွင် အပူချိန်မြင့်မားပြီး မိုးခေါင်မှုကြောင့် လယ်သမားများ ဒေါ်လာဘီလျံချီ ဆုံးရှုံး

ဓာတ်ပုံ - ရိုက်တာ
581
အီတလီနိုင်ငံတလွှား အပူချိန်မြင့်မားပြီး မိုးခေါင်တဲ့အတွက် ဒီနှစ်အတွင်း လယ်သမားတွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂ ဘီလျံဖိုး ဆုံးရှုံးခဲ့ပြီးပြီလို့ အမျိုးသားစိုက်ပျိုးရေးအသင်းက ဇွန်လ ၂၃ ရက်နေ့မှာ ပြောလိုက်ပါတယ်။
မြစ်တွေ၊ ကန်တွေထဲက ရေအမြင့်ဟာ ဒီနွေအစောပိုင်းမှာ ဘယ်တုန်းကမှ မမြင်ဘူးတဲ့ အဆင့်ထိ လျော့ကျခဲ့တာပါ။
ပိုမြစ်ဟာလည်း တချို့နေရာတွေမှာ ချောင်းသေးသေးပမာဏထိ ရေပမာဏ လျော့ကျခဲ့ပါတယ်။
အီတလီမြောက်ပိုင်းက ပါမာနဲ့ ပီယာစန်ဇာမြို့တွေမှာ အစိုးရက အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။
ဒီဒေသဟာ များသောအားဖြင့် စိုစွတ်တဲ့ တောင်ကြားဒေသဖြစ်ပြီး ခရမ်းချဉ်သီးချိစ်နဲ့ အရည်အသွေးမြင့် အသားပြားတွေ ထုတ်လုပ် ထွက်ရှိရာဒေသပါ။
ဗင်းနစ်မြို့နားက ဝိုင်ချက်တဲ့ စပျစ်ပင်တွေ စိုက်ပျိုးရာ ဒေသမှာလည်း ထုတ်လုပ်သူတွေ အကျပ်အတည်း ဆိုက်နေပါတယ်။
ဆာဒီနီယံ သိုးမွေးမြူရေးသမားတွေကလည်း သူတို့ရဲ့ လူနေမှုဘဝကို ကယ်တင်ဖို့ ဆော်သြရင်း လမ်းပေါ်ထွက်လာခဲ့ကြတယ်လို့ ဥရောပရဲ့ အကြီးဆုံး စိုက်ပျိုးရေးပညာရှင်အသင်းက ဆိုပါတယ်။