Home
မြန်မာသတင်း
မြိတ်ခရိုင်တွင် ရေနက်ဆိပ်ကမ်းတည်ဆောက်ရန် ထိုင်း-မြန်မာ ခရိုင် ၂ ခု ဆွေးနွေး
DVB
·
June 25, 2017
မြိတ်ရေနက်ဆိပ်ကမ်းတည်ဆောက်ဖို့အတွက် ထိုင်း-မြန်မာ ခရိုင် ၂ ခု ခရိုင်အဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခံမြို့မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံက မြိတ်ခရိုင်နဲ့ ထိုင်းနိုင်ငံက ပရာကျွတ်ခရိုင် နှစ်နိုင်ငံ ခရိုင်အဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ မြိတ်ရေနက်ဆိပ်ကမ်း တည်ဆောက်ဖို့အပြင် နှစ်နိုင်ငံကုန် သွယ်ရေးကိစ္စ၊ နယ်စပ်ဂိတ်လမ်းရှိ မတ်စောက်နေတဲ့လမ်းကို ဆင်ခြေလျောဖြေချဖို့ ကိစ္စတို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ မြိတ်နဲ့ ပရာကျွတ်မှာ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ပြီး စီးပွားရေးပုံစံတွေ တူညီနေတဲ့အတွက် ပူးပေါင်း ဆောင်ရွက်သွားဖို့ ထိုင်းဘက်က စိတ်ဝင်စားနေတာပါ။ ထိုင်းနိုင်ငံ တာဝန်ရှိသူတဦးက “ထိုင်းနိုင်ငံ ဘန်စဖန်မြို့မှာ ရေနက်ဆိပ်ကမ်းကြီးတခုရှိနေပြီး မြိတ်မြို့မှာလည်း ရေနက်ဆိပ်ကမ်းတခု တည်ဆောက်နိုင်ပါက ၂ နိုင်ငံ ကုန်သွယ်မှု မြင့်တက်လာ နိုင်တယ်”လို့ ပြောပါတယ်။ ဆွေးနွေးပွဲကို မြန်မာနိုင်ငံဘက်မှ ကိုယ်စားလှယ်အဖြစ် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို ဦးဆောင်တဲ့ ဌာနဆိုင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းရှင်တွေပါဝင်ခဲ့ပြီး ထိုင်းနိုင်ငံ ဘက်မှ ပရာကျွတ်ခီရီခံ ခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့အဖွဲ့တို့ တက်ရောက်ခဲ့ ကြပါတယ်။   မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့အဖွဲ့မှာ မြန်မာ-ထိုင်းနယ်စပ်   မောတောင်နယ်စပ်ဂိတ်မှ တဆင့် ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခံသို့ ဆွေးနွေးပွဲသွားရောက်ခဲ့ကြပြီး ဇွန်လ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ ဘန်စပန် ရေနက်ဆိပ်ကမ်းသို့ သွားရောက်လေ့လာခဲ့ကြကာ ကုန်သွယ်မှု ပြုလုပ်နိုင်မယ့် အနေထားတွေကို ကြည့်ရှုလေ့လာခဲ့တယ်လို့ သိရပါတယ်။ မြတ်ထွဋ် ( မြိတ် )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024