Home
ရုပျသံ
ဂေါ်ရီလာကြီး ဘရိတ်ဒန့်စ်ကနေသည့်ရုပ်သံ ရေပန်းစား
DVB
·
June 25, 2017
ဂေါ်ရီလာကြီးတကောင် သူ့ရဲ့ရေချိုးကန်ထဲမှာ ဘရိတ်ဒန့်စ်ကတာကို ရိုက်ကူးထားတဲ့ ရုပ်သံဟာ လူကြည့်များပြီး ရေပန်းစားနေပါတယ်။ အမေရိကန်နိုင်ငံ တက်စက်စ်ပြည်နယ် ဒဲလက်စ်မြို့ တိရစ္ဆာန်ရုံထဲက ရေချိုးကန်ထဲမှာ အသက် ၁၅ နှစ်အရွယ် ဇိုလာလို့အမည်ရတဲ့ ဂေါ်ရီလာကြီး ရေကစားနေတဲ့ပုံကို ဂေါ်ရီလာထိန်းတွေထဲက တဦးက တိတ်တဆိတ် ရုပ်သံရိုက်ကူးထားတာလို့ မေရာသတင်းမှာ ဇွန်လ ၂၄ ရက်နေ့က ရေးထားပါတယ်။ ဂေါ်ရီလာကြီးက ဦးဆုံး ရေတွေကို သူ့လက်ခုတ် နှစ်ဖက်နဲ့ တို့ထိကစားနေပြီး အဲ့ဒီနောက် ရေချိုးကန်လေးထဲ ဒူးဒေါက်ကာ တကိုယ်လုံးကို တရစပ် လှည့်ပတ်ခဲ့လို့ ရေတွေ အပြင်ကို စင်ထွက်ကုန်တာ ရုပ်သံထဲမှာ မြင်ရပါတယ်။ နောက် မတ်တပ်ရပ်လိုက်ပြီး သူ့ရဲ့ ကိုယ်လုံးကြီးကို ဆက်တိုက် ဆက်လှည့်ပတ်နေကာ သူ့ရဲ့လက်တွေကို လွှဲပြီး လှုပ်ရှားနေပုံက တကယ့်ကို ဘရိတ်ဒန့်စ် ကနေသလို ရုပ်သံထဲမှာ တွေ့မြင်ရမှာပါ။ စက္ကန့် ၂၀ အကြာ ရေကစားပြီးတဲ့နောက် ရေကန်ထဲလေးထဲမှာ ဇိုလာက ပြန်ထိုင်လိုက်ပါတယ်။ ဒီရုပ်သံကို အက်ရှ်လေဆိုတဲ့ ဂေါ်ရီလာထိန်း တဦးက ရိုက်ကူးခဲ့တာဖြစ်ပြီး ဒဲလက်စ်တိရစ္ဆာန်ရုံရဲ့ ယူကျူ့မှာ ဂေါ်ရီလာ ရေကစားနေတာလို့ စာရေးသားပြီး တင်ခဲ့တာပါ။ ၂၀၁၁ ခုနှစ် ဇိုလာ အသက် ၉ နှစ် အရွယ်တုန်းကလည်း ကနေဒါနိုင်ငံ တိရစ္ဆာန်ရုံထဲမှာ ဘရိတ်ဒန့်စ် ကသလိုဖြစ်နေတဲ့ ရေကစားတဲ့ရုပ်သံလည်း ရေပန်းစားခဲ့ဘူးပါတယ်။ ဇိုလာက ရေကစားရတာနှစ်သက်ပြီး ဒီလို ဘရိတ်ဒန့်စ်ကသလိုပုံမျိုး လှုပ်ရှားမှုတွေ လုပ်လာအောင် လူတွေက သင်ကြားပေးခဲ့တာ မရှိဘူးလို့ ရေးထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024