အရက်မူးပြီး ပတ်ဝန်းကျင်ကို အနှောက်ယှက်ပြုသည့် သံဃာတပါးကို ဖမ်းဆီးအမှုဖွင့်
DVB
·
June 25, 2017
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ဝန်ဇင်းရပ် ပခုက္ကူစာသင်တိုက်အနီးမှာ ဇွန်လ ၂၄ ရက် နေ့လယ် ၂ နာရီလောက်က အရက်မူးပြီး ပတ်ဝန်းကျင်ရှိသူတွေ အနှောင့်အယှက်ဖြစ်အောင် လုပ်နေတဲ့ ဦဇင်း နန္ဒဝံသ ခေါ် ကျော်သူကို ဖမ်းဆီးအမှုဖွင့်လိုက်ပါတယ်။
သာသနာညှိုးနွမ်း အကြည်ညို ပျက်အောင်လုပ်မှုနဲ့ ဖမ်းဆီးအမှုဖွင့်လိုက်တယ်လို့ ခရိုင်သာသနာရေးဦးစီးဌာနက ပြောပါတယ်။
အမှတ် ၂ ရဲစခန်း ဒုရဲအုပ်အောင်သိုက်က "မြို့နယ်သံဃာ့နာယက ဆရာတော်ရဲ့ ရှေ့ မှောက်မှာ လူဝတ်လဲပေပြီး အရေးယူလိုက်သလို ရဲအရေးမပိုင်တဲ့အမှုဖြစ်လို့ ခရိုင်သာသနာရေးဦးစီးမှူးပဲ တရားလိုလုပ် အမှုဖွင့်တာ "လို့ပြောပါတယ်။